တစ်ပတ်တိတိစာသင်ရက်အပြီးမှာတော့ အကိုနဲ့ကျွန်တော်အများကြီးရင်းနှီးလာကြသည်။အရင်က အကိုကျွန်တော့်အပေါ်စိတ်ရှည်မှုတွေကကျွန်တော့်မိဘတွေမျက်နှာကြောင့်လို့ထင်ခဲ့မိပေမဲ့တကယ်တမ်း အကိုကစိတ်ရင်းအမှန်ဖြင့်ဂရုတစိုက်ရှိတာကိုကျွန်တော်သိလာရသည်။
" ဒီနေ့အစောကြီးရောက်နေပါလား ဆောနူ "
အကိုက ရုံးကပြန်လာသည့်ဝတ်စုံပင်မလဲရသေးဘဲကျွန်တော်ရှိရာအခန်းဆီလာပုံရသည်။တနေကုန်အလုပ်လုပ်နေရပေမဲ့ အကိုကအမြဲတက်ကြွလန်းဆန်းနေတတ်သည်။အကို့မျက်နှာကြည်ကြည်လေးပေါ် အပြုံးကြည်ကြည်လေးတွေကိုအမြဲမြင်ရတတ်သည်။အထူးသဖြင့်ကျွန်တော်နဲ့ဆုံသည့်အခါ အကို့အပြုံးတောက်တောက်တွေကကျွန်တော့်အတွက်သဘောကျစရာအရာတစ်ခုလိုစိတ်ကိုကြည်စေသည်။တဖြည်းဖြည်းနဲ့ကျွန်တော်ဟာ အကို့အပြုံးတွေကိုစွဲလမ်းမှန်းမသိစွဲလမ်းနေတတ်ခဲ့သည်။
" ဟုတ်ကဲ့
ဒီနေ့မေမေကအပြင်သွားရင်း ဝင်ပို့ခဲ့ဝာာ "" ဟုတ်ပါပြီ ဒါဆိုအကိုရေချိုးလိုက်အုံးမယ် "
အကိုက ကျွန်တော့်ခေါင်းကိုအသာပုတ်ကာအခန်းထဲမှပြန်ထွက်သွားသည်။
အမယွန်းဂျယ်ကတော့ပြန်ရောက်သေးပုံမပေါ်။အကိုနဲ့အမက
လက်ထပ်ထားတယ်ဆိုပေမဲ့အိမ်ထောင်ရေးကအေးစက်စက်ရယ်။နွေးနွေးထွေးထွေးရှိလှတဲ့ ကျွန်တော့်မိဘတွေရဲ့အိမ်ထောင်ရေးနဲ့တခြားစီဖြစ်နေတဲ့အနေအထားအရ မနွေးထွေးတဲ့အိမ်ထောင်ရေးတစ်ခုကိုတည်ဆောက်နေကြမှန်းခန့်မှန်းနိုင်သည်။အမ ယွန်းဂျယ်ကဂရုတစိုက်ရှိလှပေမဲ့ အကိုကတော့တာဝန်ကျေရုံမျှသာနေသည်။ဒါကို အမကလည်း ညည်းငြူခြင်းအလျဉ်းမရှိ။အရင်ကစိတ်နဲ့ဆို အမယွန်းဂျယ်လောက်လှသည့်မိန်းကလေးတစ်ဦးအားပိုင်ဆိုင်ထားရပြီးအေးစက်နေတတ်သည့်အကို့ပုံစံအားသဘောမကျဖြစ်မိမှာမှန်ပေမဲ့ ကျွန်တော့်စိတ်ထဲထိုသဘောမကျသည့်စိတ်တို့ကဝင်မလာတော့ပေ။ဘာကြောင့်လဲမသိပေမဲ့ ဒီလိုအခြေနေတစ်ခုကိုပင်သဘောကျနေသယောင်ကျွန်တော့်စိတ်တို့က ခံစားချက်တွေကိုရောထွေးနေတတ်သည်။