ဒီနေ့ ဟိုလူ့ဆီမှာပထမဆုံစာသင်ရမည့်ရက်ဖြစ်တာမို့မေမေကထိုလူ့အိမ်သို့လိုက်ပို့ပေးသည်။ကျွန်တော်တို့ကားလေးထိုးဆိုက်သွားသည့်အိမ်ကနှစ်ထပ်အိမ်တိုက်ကြီးတစ်လုံး၏ခြံရှေ့တွင်ဖြစ်သည်။မေမေကားဟွန်းတီးလိုက်တော့ခြံစောင့်ဖြစ်ပုံရတဲ့ဦးလေးတစ်ယောက်ကတံခါးလာဖွင့်ပေးသည်။
မေမေက ကားကိုခြံထဲသို့မောင်းဝင်သွားကာနေရာတကျရပ်သည်။အိမ်ကအတော်လေးကြီးပြီးအတော်လေးခမ်းနားသည်။ခေတ်မှီအဆောက်အအုံမျိုးမဟုတ်၊ရှေးကျလွန်းတာမျိုးလည်းမဟုတ်ပေမဲ့အိမ်ကြီးပုံစံကလက်ရာမြောက်စွာလှလွန်းသည်။
" အန်တီတို့ရောက်လာပြီလား "
အိမ်ထဲမှ အမယွန်းဂျယ်ထွက်လာကာကျွန်တော်တို့ကိုကြိုဆိုသည်။အမကအိမ်နေရင်းတောင်ရိုးရှင်းစွာလှနေသည့်မိန်းကလေးတစ်ဦးပင်။
" မောင်ကပြန်မရောက်သေးဘူး အန်တီ "
" ရပါတယ် အန်တီတို့ကစောလာတာ
သားသားကိုသေချာအပ်ချင်လို့ သမီးရေ "" မောင်လေးကလိမ်မာမဲ့ပုံပါအန်တီရဲ့ "
အမ ယွန်းဂျယ်ကလူမှုဆက်ဆံရေးကောင်းသလိုအလိုက်သိသည်။တည်ငြိမ် အေးဆေးကာအိန္ဒြေရှိသည်။ထိုအမူအရာတွေကြောင့်ပဲ မေမေကအမ ယွန်းဂျယ်အားသဘောကျနေတာဖြစ်သည်။
ဒီအိမ်ကသူတို့ဇနီးမောင်နှံနှစ်ဦးသာနေသည့်ပုံပေါ်သည်။အန်တီနဲ့ဦးလေးကိုမမြင်ရပေ။ဒီလောက်ကြီးတဲ့အိမ်ကြီးထဲသူတို့နှစ်ယောက်တည်းနေရမှာအတော်လေးပျင်းဖို့ကောင်းလောက်သည်။ဒါပေမဲ့ ကြင်စဦးမောင်နှံအတွက်တော့ဒီအိမ်ကြီးကအတော်လေးသင့်တော်ပါသည်။
" သမီးကိုအားနာလိုက်တာ
အန်တီတို့ကြောင့်ဒုက္ခများရပြီ "" ရပါတယ် အန်တီ
ဆိုင်ကသမီးလက်လွှတ်ထားလို့ရတဲ့အခြေအနေပါ "အမ ယွန်းဂျယ်ကဒီဇိုင်နာတစ်ဦးဖြစ်သလို သူမကဆိုင်လည်းဖွင့်ထားသည်။ကျွန်တော်တို့လာမည်ဖြစ်တာကြောင့်နေ့လည်ကတည်းကဆိုင်မှပြန်လာသည်ဖြစ်ရာမေမေကအားနာစွာဆိုခြင်းဖြစ်သည်။