" အခုထိအန်တီကဆောင်းဟွန်းထွက်သွားတာကိုမသိသေးဘူး ဒေါက်တာ၊အလုပ်ကိစ္စနဲ့ခရီးသွားတယ်လို့ပဲပြောထားတာ"
အန်တီ့ကျန်းမာရေးကပြဿနာတွေဖြစ်ပြီးတဲ့နောက်သိပ်မကောင်းခဲ့။ဒါကြောင့်မိသားစုဆရာဝန်နှင့်ပြသနေခဲ့ရသည်။အခုလည်းမနက်ကမူးလဲသွားတာကြောင့်ဆရာဝန်ခေါ်လိုက်ခြင်းဖြစ်သည်။အခုတော့အန်တီကဆေးအရှိန်နဲ့အိပ်ပျော်သွားတာမို့သာတော်တော့သည်။
" ချွဲယွန်းဂျယ်ရောသူဘာကြောင့်ထွက်သွားရလဲဆိုတာကိုသိလားဗျ "
" အားလုံးအဆင်ပြေဖို့သူထွက်သွားရတယ်လို့ကျွန်မကိုပြောခဲ့ပါတယ်၊ဒါပေမဲ့ကျွန်မနားမလည်နိုင်တာကသူဘာကြောင့်ဒီလိုဆုံဖြတ်ခဲ့လဲဆိုတာကိုပဲ "
" ကျွန်တော်ချွဲယွန်းဂျယ်ကိုအသိပေးစရာရှိပါတယ် "
" ဟုတ်ကဲ့ ပြောပါဒေါက်တာ "
ဒေါက်တာ့ပုံစံကတစ်ခုခုကိုပြောရမှာအားနေပုံပင်။ဆောင်းဟွန်းနဲ့ပတ်သက်နေတာမို့သူမသိချင်စိတ်ကထိန်းမရဖြစ်လာရသည်။မောင် သူမတို့ကိုဘာတွေများဖုံးကွယ်ထားခဲ့ပါသလဲ။
"ပတ်ဆောင်းဟွန်းမှာဦးနှောက်အကြိတ်ကင်ဆာရှိနေခဲ့ပါတယ်၊ကျွန်တော်သူ့ကိုခွဲစိတ်ကုသဖို့တိုက်တွန်းပေမဲ့သူလက်မခံခဲ့ပါဘူး၊ဒီကိစ္စကို သူထွက်သွားပြီးနောက်ပိုင်းမှသူ့မိသားစုထံအသိပေးဖို့ကျွန်တော့်ကိုမှာသွားခဲ့တာပါ၊ကျွန်တော်လည်းစိတ်မကောင်းပေမဲ့သူကိုယ်တိုင်ကကျွန်တော့်ကိုသူ
မထွက်သွားခင်အချိန်ထိထိန်းသိမ်းပေးဖို့တောင်းဆိုသွားလို့ပါ "" ရှင် ... "
မောင့်မှာဒီရောဂါရှိနေမှန်းသူမလုံးဝမှမရိပ်မိခဲ့။သူမကပဲ
မောင့်အပေါ်ဂရုစိုက်မှုတွေမပြည့်ဝခဲ့တာလား။မောင်ကပဲသိုသိပ်လွန်းတာလားသူမ မတွေးတတ်တော့။ဝမ်းနည်းစိတ်ကြောင့်သူမမျက်ဝန်းထဲမျက်ရည်တွေကအတားအဆီးမရှိကျလာခဲ့ရသည်။ယွန်းမောင့်ကိုလက်လွှတ်ပေးခဲ့တာမောင်ပျော်ရွှင်ဖို့လေ။လောကကြီးထဲထွက်သွားဖို့မှမဟုတ်ဘဲမောင်ရယ်။" သူ ... သူ့အတွက်အချိန်ဘယ်လောက်ကျန်နေသေးလဲ ဒေါက်တာ "
သူမစကားတို့ကထစ်အလျက်။မောင့်အတွက်စိုးဂိမ်စိတ်တွေနဲ့ရင်တစ်ခုလုံးလည်းပူလောင်နာကျင်နေရပြပြီ။
![](https://img.wattpad.com/cover/303808648-288-k546484.jpg)