ဒီနေ့ကျောင်းစတက်ရမည့်နေ့ဖြစ်တာမို့ညကတည်းကတက်ကြွစိတ်တို့အပြည့်ဖြစ်နေသည်။ညကတော်တော်နဲ့အိပ်မပျော်ပေမဲ့မနက်ခင်းတော့လည်း ဆောနူစောစောနိုးနေခဲ့သည်။အိပ်ရေးမဝခြင်းကြောင့်ခေါင်းထဲသိပ်မကြည်ပေမဲ့ ကျောင်းတက်ရမည့်ပထမဆုံးရက်ဖြစ်တာမို့စိတ်လှုပ်ရှားမှုတို့ကပိုတိုးလို့ကြီးစိုးနေသည်။
" ဒီနေ့အစောကြီးနိုးနေပါလား သားသား "
" ဟုတ်ဖေဖေ "
ဖေဖေက မနက်စာစားပွဲသို့ဝင်ထိုင်ရင်းပြောလာသည်။မေမေကတော့ကျွန်တော်တို့သားဖနှစ်ယောက်ကိုကြည့်ရင်းတပြုံးပြုံးဖြစ်နေ၏။မနက်ခင်းကျောင်းကိုမေမေကပဲလိုက်ပို့မှာဖြစ်လို့စောစောထသည့်ကျွန်တော့်အတွက်ကျောင်းသွားဖို့ပြင်ဆင်ရန်အချိန်အများကြီးကျန်နေသေးသည်။ဖေဖေကတော့မနက်စာစားအပြီးမေမေ့ကိုနှုတ်ဆက်ကာကုမ္ပဏီသို့ထွက်သွားလေပြီ။
" မပြီးသေးဘူးလား သားသားရေ "
အောက်ထပ်မှမေမေ့အော်သံကြောင့်မှန်ထဲမှကိုယ့်ပုံရိပ်ကိုတစ်ချက်ပြန်ကြည့်ကာအခန်းထဲမှအလျင်အမြန်ထွက်လာလိုက်သည်။ ဆောနူတက်ရောက်ရမည့်ကျောင်းသည်ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်တဲ့အတွက်အဖြူအစိမ်းမဝတ်ရ။ထိုကျောင်း uniform ကိုသာဝတ်ဆင်ရသည်။
ဆယ်တန်းကျောင်းသားဖြစ်နေပြီဆိုပေမဲ့ ဆောနူကဝောာ့
တကယ့်ကလေးလေးတစ်ယောက်လိုပင်။" ပြီးပြီ မေမေ "
" ဖြည်းဖြည်းဆင်းပါ သားသားရယ်
ချော်ကျမယ်လေ "လှေကားပေါ်မှအပြေးတစ်ပိုင်းဆင်းလာနေသောကျွန်တော့်အားမေမေကဟန့်သည်။မေမေ့အားသွားကလေးများဖြီး၍ပြုံးပြကာမေမေ့ပါးပြင်သို့တစ်ချက်မွှေးကြူလိုက်သည်။
" ညနေကျလာမကြိုနဲ့တော့ မေမေ၊
အကိုလာကြိုပေးမှာ "သားသားပုံစံကြည့်ရတာ ဆောင်းဟွန်းနဲ့အတော်လေးအဆင်ပြေပုံရသည်။အရင်ကအဆင်မပြေမှာစိုးခဲ့ပေမဲ့ စာသင်သည့်အချိန်ကာလတစ်ခုလုံးနှစ်ယောက်ကအဆင်ပြေပြေရှိတာထက်ပိုနေတာမို့သူမစိတ်ချမ်းသာရသည်။သားသားကတစ်ဦးတည်းသောသားဖြစ်နေလို့လားမသိ ဆောင်းဟွန်းကိုအတော်လေးခင်တွယ်ရှာသည်။ဆောင်းဟွန်းကလည်း သားသားကိုဆိုသိပ်အလိုလိုက်ကာဂရုစိုက်ပေးတတ်သည်။
![](https://img.wattpad.com/cover/303808648-288-k546484.jpg)