မနက်ခင်းလေးကို အပြန်အလှန်စကားတွေများရင်းနဲ့သာ ကျော်ဖြတ်ခဲ့ကြရသည်~
?-အကိုလေး မနက်စာပြင်ထားပြီးပါပြီ..အကိုလေးတို့စားမယ်ဆို ဟင်းတွေအကုန်ပြန်နွေးပေးပါ့မယ်
ဘယ်လောက်ပဲစိတ်ဆိုးတယ်ပြောပြော ချစ်ရသူနဲ့တော့ မနက်စာအတူတူစားချင်တယ်ထင်ပါ့ရဲ့~
jk- ဒါဆို seokjin ကိုသွားခေါ်လာခဲ့
မနက်စာမစားလောက်တော့ဘူးထင်နေတဲ့အိမ်အကူအဒေါ်ကြီးမှာ ကြားရတဲ့စကားကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့်
?- ဟုတ်..ဟုတ်..ဟုတ်ကဲ့..အကိုလေး
"..."
ဒေါက်..ဒေါက်..
ဒေါက်..ဒေါက်..?- အကိုလေး မနက်စာစားဖို့်အဆင်သင့်ဖြစ်နေပါပြီ အကိုလေးအဆင်သင့်ဖြစ်ရင် ဆင်းလာလို့ရပါပြီ အကိုလေး jungkook အောက်ထပ်မှာစောင့်နေပါတယ်
"..."
Seokjin ကိုသွားခေါ်ပေမယ့် အခန်းထဲက အသံလေးတစ်စတောင် မကြားရတာကြောင့်
?- အကိုလေး..အကိုလေး..
ဒေါက်..ဒေါက်..
?- အကိုလေး seokjin မနက်စာအဆင်သင့်ဖြစ်နေပါပြီ အကိုလေး..အကိုလေးseokjin..
အခန်းထဲကဘာအသံမှမကြားတာကြောင့် အိမ်အကူအဒေါ်ကြီးလည်း မနက်ကစကားများထားလို့များဆိုပြီး အတွေးတွေလွန်ကာ ~
အောက်ထပ်ကိုအမြန်ပြန်ဆင်းလာရင်း~
?- အမလေး..ဘုရား..ဘုရား..ကယ်ကြပါအုံး..အကိုလေး seokjin.. အကိုလေး seokjin..
ထိုအော်သံကြောင့် ~
??- ဟဲ့..ဘာဖြစ်လာတာလဲ?တိုးတိုး..ဒီမှာ အကိုလေးတို့ထမင်းစားမလို့မမြင်ဘူးလား?
jk- seokjin ရော?
?- ဟို..ဟို..အကိုလေးseokjin ကိုသွားခေါ်တာ 10မိနစ်လောက်ရှိပြီ တံခါးတွေခေါက်ပြီခေါ်နေတာလဲ အကြိမ်ကြိမ်ပဲ ဒါပေမယ့် အကိုလေးseokjin အခန်းကလူမရှိတဲ့အတိုင်း တိတ်ဆိတ်နေတာပဲ အဲ့တာ..
jungkook စကားကိုဆုံးအောင်နားမထောင်တော့ပဲ seokjin ရှိရာ အပေါ်ထပ်ကို အမြန်ပြေးတက်သွားခဲ့သည်~အိမ်အကူအလုပ်သမားတွေလည်း စိုးရိမ်ပြီး jungkook အနောက်ကနေအပြေးလိုက်သွားခဲ့ကြသည်~