📝ကိုယ်လေ တကယ်ချစ်နေမိပြီကောင်လေးရေ... မင်းယုံမှာမဟုတ်ပေမယ့် မင်းသိအောင်လို့တော့ ဒီစကားကို ကိုယ်ကိုယ်တိုင်ပြောပြချင်သေးတယ် 📝
စာရွက်တွေထပ်လှန်ခဲ့ပေမဲ့ စာမရှိတော့တဲ့ အဖြူထည်စာရွက်လေးတွေ သာ ရှိတော့သည်~
ဆော့ဂျင်စာတွေဖတ်ကြည့်မိပြီးနောက် အားမရှိတော့တဲ့လူတစ်ယောက်လို ကြမ်းပြင်ပေါ် ထိုင်ကျသွားသည် ခဏအကြာ ခေါင်းထဲကအတွေးပေါင်းသောင်းခြောက်ထောင်ကို ဖယ်ပြီး မျက်စိကိုမှိတ်ရင်း လေတွေကိုရှူထုတ်မိလိုက်သည်
ခဏနေတော့မှ အပေါ်ထပ်ကနေအောက်ကို ဆင်းလာခဲ့သည်
ဧည့်ခန်းထဲက sofaပေါ် စိတ်ရှိလက်ရှိထိုင်ချလိုက်ရင်း ဂျောင်ကုကိုစောင့်နေတော့သည်
ဂျောင်ကုကိုစောင့်နေရင်း ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်မသိလိုက်ပဲ နိုးလာတော့မှ ညရောက်နေမှန်းသိတော့သည်
စိတ်ထဲတွင်လည်း~
*အရင်ကဒီအချိန်ဆို ပြန်ရောက်နေကျပါ*
ထပ်ပြီးစောင့်နေလည်း ဂျောင်ကုရဲ့အရိပ်အယောင်ကိုတောင်မတွေ့တာမို့ ဂျောင်ကုဆီphဆက်လိုက်တော့သည်
ဂျောင်ကုရဲ့phကစက်ပိတ်ထားတာကြောင့် ဘယ်လိုမှခေါ်လို့မရခဲ့~
တဖြည်းဖြည်းညနက်လာတာနဲ့အမျှဆော့ဂျင်စိတ်ပူနေမိသည်
"အကိုလေး မအိပ်သေးဘူးလား ညနက်နေပြီလေ"
"အင်း မအိပ်သေးဘူး "
"အကိုလေးဂျောင်ကုကိုစောင့်နေတာလား"
ဆော့ဂျင် မေးနေတဲ့အလုပ်သမားကို တစ်ချက်ကြည့်လိုက်ကာ
"အင်း ဟုတ်တယ် "
"အကိုလေးဂျောင်ကုကိုကျွန်တော်တို့စောင့်လိုက်ပါ့မယ် အကိုလေးကစောစောအနားယူလိုက်ပါ"
ထိုအချိန်~
တီ....တီ....တီ....
"အော် ဟိုမှာအကိုလေးပြန်လာပြီထင်တယ်"
အလုပ်သမားတစ်ဦးက ခြံတံခါးကိုအမြန်သွားဖွင့်ပေးလိုက်သည်