📝ဒီနေ့ ကောင်လေးရဲ့ လုပ်ပုံတွေကိုပြောရအုံးမယ် ဒီကောင်လေးကကျွန်တော့်ကို တော်တော်လေး ကြည့်မရပုံပဲ ဒီညနေ ရုံးကပြန်လာတော့ တစ်အိမ်လုံးတိတ်ဆိတ်နေတာ မသိရင် လူတစ်ယောက် မှမနေသလိုမျိုး အယောက် 20အောက် မနည်းတဲ့အလုပ်သမားတွေ အများကြီးပါ အခုတော့ တစ်ယောက် မှမတွေ့ပဲ အပ်ကျသံတောင်ကြားရလောက်တဲ့အထိကိုဖြစ်နေသည်
စိတ်ထဲတစ်မျိုးဖြစ်နေလို့ အိမ်ထဲဝင်ကြည့်တော့လည်း တစ်ယောက် မှအရိပ်အယောင်တောင်မတွေ့ ကျွန်တော်ဒီအတိုင်းလေး ရပ်နေတုန်း မီးဖိုချောင်ဘက်က ဆူညံဆူညံအသံလေးတွေ ထွက်လာသည် အသံကြားလို့ ပြေးကြည့်တာ ကောင်လေးကအလုပ်သမားတွေအကုန်လုံးကိုခေါ်ပြီး သူကိုယ်တိုင်ချက်ထားတဲ့ ထမင်းတွေဟင်းတွေကို အားရပါးရကျွေးနေလေရဲ့ အလုပ်သမားတွေကလည်း ကောင်လေးရဲ့လက်ရာ ကောင်းလွန်းလို့ထင်တယ် ကျွန်တော်ပြန်လာမယ့်အချိန်ကိုတောင်မေ့ပြီး စားနေလိုက်ကြတာ
ကျွန်တော်ရပ်နေတာကို အလုပ်သမားလေးတစ်ယောက်ကတွေ့ပြီး ကြောက်အားလန့်အားနဲ့ အကိုလေးလို့ခေါ်လိုက် မှ ကောင်လေးအပါအဝင်အလုပ်သမားတွေအကုန်လုံးရဲ့မျက်လုံးတွေက ကျွန်တော့်ဆီကိုရောက်လာတော့သည် အလုပ်သမားတွေကတော့ မျက်နှာပူနေကျတယ်နဲ့တူတယ် ကောင်လေးကတော့ ဂရုမစိုက်တဲ့ မျက်နှာထား
ကျွန်တော်ပြောချင်တာကဗျာ တစ်အိမ်လုံးကအလုပ်သမားတွေအတွက်ကျ ဟင်းမျိုးစုံကိုဝယ် ပြီးတော့သူကိုယ်တိုင်ချက်ထားတာတွေ ကျွေးတယ်လေ သူချက်တဲ့အထဲမှာ ကျွန်တော့်အတွက်ကျတော့ မပါဘူးတဲ့ sorry ပါတဲ့ ဒါကျွန်တော့်ကိုတမင်သက်သက်အရွဲ့တိုက် မှန်းသိပါတယ် သိပေမယ့် ကျွန်တော်စိတ်ဆိုးမိတယ်ဗျာ အလုပ်သမားလောက်တောင်ကိုယ်ကသူ့အတွက်အရေးမပါသလိုကိုဖြစ်နေပြီလေ
အဲ့အချိန်ကစပြီး သူ့ကိုဘာမှမချက်ခိုင်းတော့ပဲ သူများချက်ကျွေးတာကိုပဲ စားခိုင်းမိတော့တယ် သူ့အတွက် မတရားသလိုဖြစ်သွားတယ်ဆိုပေမယ့် ကျွန်တော့်အတွက် မဟုတ်ပဲချက်ပြုတ်နေတာတွေ မမြင်ချင်ဘူးဗျာ
********
ကျွန်တော့်ရင်တွေပေါက်ကွဲထွက်တော့မှာပဲ ဘာလို့ကျွန်တော့်ကိုအဲ့ဒီလောက်တောင် နာကျင်စေရတာလဲ ကောင်လေးရာ မနက်ထဲကရုံးသွားရလို့ မျက်နှာလေးမမြင်လိုက်ရလို့ အလုပ်တွေတစ်ပုံကြီးကို မရပ်မနားမြန်မြန်ပြီးအောင်လုပ်ပြီး မျက်နှာလေးကိုတွေ့ချင်လွန်းလို့ ဒါတောင်မပြီးပြတ်သေးလို့ ည9:00နာရီလောက် မှတစ်ဖြတ်နားပြီး အိမ်ပြန်လာခဲ့တာ ကောင်လေးကမနက်ထဲကထွက်သွားတယ်တဲ့ အခုထိလည်းပြန်မလာသေးဘူးတဲ့ ဒီလူဘယ်လောက်စိတ်ပူနေမလဲ မသိဘူးလား
Phတွေတောက်လျှောက်ဆက်ခိုင်းပြီး phဝင်သွားတော့လည်း ကောင်လေးကမူးနေတာ ခေါင်းတောင်မထောင်နိုင်ဘူးတဲ့
ဒီညတော့ ကျွန်တော်အိပ်ပျော်တော့မယ်မထင်ဘူး...
**********
ဒီနေ့မနက်ကောင်လေးဆီကကြားရတဲ့စကားတွေ ကျွန်တော့်ရင်ဘတ်တစ်ခုလုံး နင်းခြေဖျက်စီးခံလိုက်ရသလိုပင်~ဘာတဲ့ ကွာရှင်းမယ်တဲ့~ ကျွန်တော်သိပ်ချစ်ခဲ့တာ ကွာရှင်းဖို့မှမဟုတ်တာ ကောင်လေးရယ်
ကျွန်တော်ကသူလုပ်ချင်တာတွေကိုသူ့စိတ်တိုင်းကျလုပ်ခွင့်မပေးဘူးတဲ့ ကျွန်တော်ခွင့်ပြုပေးရင် သူကျွန်တော့်ကိုထားသွားမှာပေါ့ စားချင်တိုင်းသွားချင်တိုင်း သူလုပ်ချင်တာတွေအကုန်ကျွန်တော် လိုက်ပိတ်ပင်မိတယ်ဆိုတာ မှန်တယ် ဒါပေမယ့် အဲ့ဒါကျွန်တော်ချစ်လို့လေ ကျွန်တော်သိပ်ချစ်လို့ ကျွန်တော့်အချစ်ကပဲ မှားနေသလား မင်းကိုကိုယ့်ဘေးမှာ အရုပ်တစ်ရုပ်လိုသဘောထားခဲ့တာမျိုးမဟုတ်ပါဘူးကွာ ကိုယ့်ဘေးကထွက်သွားမှာကိုသေအောင်ကြောက် မိလို့ မှန်လား မှားလား ဘာမှမစဥ်းစားတော့ပဲ မင်းကိုကိုယ့်ဘေးကထွက် မသွားအောင်ပဲ လုပ်မိတာပါ ဒါတွေအကုန်လုံး ကိုယ်ပဲမှားနေသလား ကောင်လေးရာ📝
.Ajတို့ပေါ့နေတာ သိပါတယ်😪