ညကဘယ်အချိန်အိမ်ပြန်ရောက် မှန်းမသိ ဘယ်လိုကုတင်ပေါ်ပြန်ရောက်နေမှန်းလဲမသိ အတွေးတွေများလာတာကြောင့် ခေါင်းကိုက်လာတဲ့ဂျောင်ကု
"ကျွတ်စ်...ကျွတ်စ်...အား..."
နိုးနိုးချင်းဘေးမှာအသင့်ရောက်နေတဲ့ သံပုရာရည်ကိုမော့ချလိုက်သည်
"နိုးပြီလား..."
တံခါးမခေါက်ပဲသူ့အခန်းထဲကိုဝင်ပြီး မေးလာတဲ့အမေးကြောင့် တံခါးဘက်ကိုကြည့်လိုက်ရာ သူ၏ချစ်ရသူဆော့ဂျင် လက်ထဲမှာလည်း စာရွက်စာတမ်းတွေနဲ့ သေချာတယ် သူ့ကိုလက်မှတ်ထိုးခိုင်းတော့မည်
*ငါညကဘာလို့အိမ်ပြန်ရောက်လာရတာလဲ??*
ထိုစကားသည်ဂျောင်ကု၏အတွေးထဲမှာပင်ဖြစ်သည်ထို့နောက်သူ့ဆီကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာသူဆော့ဂျင်
"ရော့..."
ကမ်းလာတဲ့စာရွက်ကိုကြည့်လိုက်တော့ သူတို့နှစ်ဦး တရားဝင် လက်မှတ်ထိုးထားတဲ့ လက်ထပ်စာချုပ်
ဆော့ဂျင်ဂရုစိုက်မည်လို့တောင်မထင်ခဲ့တဲ့ ဒီလက်ထပ်စာချုပ်လေးကို ကြည့်ပြီး
"မင်းဒါကိုသိမ်းထားသားပဲ"
"အင်း"
"ဘာလို့ငါ့ကိုဒါတွေလာပြတာလဲ မင်းလိုချင်တာငါ့ဆီက ကွာရှင်းလက်မှတ်မလား"
"အင်း "
"စာချုပ်တွေပေး ငါ့လက်မှတ်မင်းရစေရမယ်"
"ငါမလိုချင်တော့ဘူးဆိုရင်ရော"
ခေါင်းကိုက်နေတာတွေချက်ချင်းပျောက်သွားသလို ဆတ်ခနဲေဆော့ဂျင်ကိုမော့ကြည့်လိုက်သည်
"ဘာ...ဘာပြောတာ..!"
"ငါမင်းဆီက ကွာရှင်းလက်မှတ်မလိုချင်တော့ဘူးဆိုရင်ရောလို့ပြောတာ"
"မင်း.! မင်းပဲကွာရှင်းပေးဆို"
"အဲ့တာကိုမင်းကတကယ်လုပ်ပေးမှာလား"
"အင်း...မင်းပျော်မယ်ဆို ငါဘာမဆိုလုပ်ပေးမှာ"
" သေချာလား"
"အင်း...သေချာတာပေါ့"
"ဒါဆို ငါ့ကိုနောက်တစ်ကြိမ်ပြန်လက်ထပ်ပေးပါ"