(4)

1.1K 112 4
                                    

ကားကိုခြံကြီးထဲမောင်းဝင်လာပြီး ကားပေါ်ကဆင်းကာ အိမ်အကူတွေရဲ့မျက်နှာတွေမြင်တော့မူမမှန်တာကို jungkook သတိထားမိသည်~ဒါပေမယ့် စိတ်ကူးထဲကကြည်နူးမှုလေးတွေမပျက်ချင်တော့ ဘာမှမမေးတော့ပဲ အိမ်ထဲဝင်သွားကာ seokjin ရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်~

ခဏကြာတော့ အပေါ်ထပ်ကနေခြေသံပြင်းပြင်းဖြင့်ပြန်ဆင်းလာသော jungkook ကြောင့် အောက်ထပ်မှာအဆင်သင့်စောင့်နေသော အလုပ်သမားများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းကျိန်းနေကြသည်~

jk- seokjin သူ့အခန်းထဲမှာမရှိဘူးဘယ်ထွက်သွားတာလဲ??

အလုပ်သမားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့ပြန်ဖြေရမယ့်အဖြေအတွက် အင်မတန်မှကြောက်ရွံ့နေကြသည်~

jk- ငါမေးတာတစ်ယောက်မှမကြားလို့ပြန်မဖြေတာလား!!!ဟမ်??

jungkook သူ့အမေးကိုပြန်ဖြေသူမရှိတာကြောင့် ဒေါသများထိန်းမရအောင်ပေါက်ကွဲထွက်လာသည်~

အလုပ်သမားများထဲမှ လုပ်သက်ကြာပြီးအသက်လည်းအကြီးဆုံးဖြစ်သူတစ်ဦးမှ

?- အကိုလေး ကျွန်တော်တို့ကိုကြိုက်တဲ့အပြစ်သာပေးပါတော့.. အကိုလေး seokjin ဘယ်အချိန်ထွက်သွားမှန်း တစ်ယောက်မှမသိလိုက်ပါဘူး အကိုလေး

အသံများပင်တုန်ယင်ကာ jungkook အားဖြေပေးလိုက်သည်~

jk-ဘာ!!!!ဒီအိမ်မှာ အလုပ်သမားတွေဒီလောက်များတာ seokjin ဘယ်ထွက်သွားလဲတစ်ယောက်မှမသိဘူးဆိုတော့ မင်းတို့ဘာလုပ်နေကြတာလဲ?seokjin ကိုအမြဲစောင့်ကြည့်ဖို့အမိန့်ပေးထားတာတောင် တစ်ယောက်မှမသိဘူးဟုတ်လား??

ခွပ်!!!ခွပ်!!!

jungkook ရဲ့ဒေါသများကထိန်းမရအောင် ဖြစ်လာပြီး seokjin ကိုအမြဲစောင့်ကြည့်ဖို့အမိန့်ပေးထားတဲ့ ကောင်လေးရဲ့မျက်နှာကို ပြင်းထန်သောထိုးချက်များဖြင့် ထိုးလိုက်သည်~

အထိုးခံရတဲ့ကောင်လေးမှာ ဒီလိုဖြစ်မယ်ဆိုတာကြိုသိထား​ေသာ်လည်း မမျှော်လင့်ထားတဲ့ jungkookရဲ့ လက်သီးအရသာကြောင့် မြေကြီးပေါ် ရှုမလှအောင်ကျသွားခဲ့ရသည်~

Wrong Love [✔]Where stories live. Discover now