"ကိုယ်မင်းကိုအရမ်းချစ်တယ်"
seokjin ရဲ့မျက်ဝန်းလေးတွေကိုသေသေချာချာလေးကြည့်ကာ ပြောပြီး အိမ်ထဲကထွက်လာခဲ့သည်
အရမ်းချစ်တယ်လို့အပြောခံလိုက်ရသူမှာ ကျောက်ရုပ်တစ်ရုပ်လိုပင် ဘာမှလည်းပြန်မပြောနိုင် လက်သီးလေးကိုဆုပ်ထားပြီး ကျန်ရစ်ခဲ့သည်
" jin မင်းသေချာစဥ်းစားပါ ငါမင်းကိုအခုလိုပြောတာ မင်းကိုထပ်ပြီးစိတ်ညစ်စေချင်လို့မဟုတ်ပါဘူး အစက jungkook မင်းကိုမချစ်ခဲ့ဘူးလို့ငါထင်ခဲ့တာ ဒါပေမယ့် အခုငါတကယ်သိလိုက်ရပြီ jin သူမင်းကိုအရမ်းချစ်လို့ ဆုံးရှုံးရမှာကြောက်နေခဲ့တာ"
"joon ငါတောင်းပန်ပါတယ် ငါတစ်ယောက်ထဲနေချင်တယ်"
"ငါနားလည်ပါတယ် မင်းကိုနှုတ်ဆက်ခဲ့တယ်နော် သတင်းကောင်းကိုလည်း ငါမျှော်နေမယ်"
ပါးချိုင့်လေးချိုင့်ဝင်သွားအေင် ပြုံးလိုက်ကာ seokjin ပုခုံးလေးကို ပုတ်ပြီး ပြောလိုက်သည်
"joon ငါလိုက်မပို့နိုင်လို့လည်းတောင်းပန်ပါတယ်"
"ရပါတယ် ငါ့ကိုလိုက်မပို့နိုင်တဲ့အနေနဲ့ ငါ့ကိုသတင်းကောင်းပဲလှမ်းပြောပေးပါjin ငါသွားတော့မယ် အစစအရာရာဂရုစိုက်ကြနော် bye"
"joon မင်းလည်းဂရုစိုက်"
namjoon ထွက်သွားတော့ seokjin sofa ပေါ်ထိုင်ချသွားသည်
*ငါဘာဆက်လုပ်ရမလဲ? *
"အကိုလေး ထွက်မသွားပါနဲ့ အကိုလေးရယ် အကိုလေးကမသိပေမယ့် အကိုလေးjungkookက အကိုလေးကိုတစ်ကယ်ချစ်တယ်ဆိုတာ ကျွန်မတို့ယုံကြည်တယ်"
seokjin အနည်းငယ်စဥ်းစားပြီးအပေါ်ထပ်ကိုပြေးတက်သွားသည်
အကြောင်းကတော့ jungkook နဲ့ပတ်သတ်ပြီးသူရိပ်မိနေတဲ့အရာလေး အဲ့တာက ညဘက်အကုန်လုံးကအိပ်ပျော်နေချိန်ဆို jungkook အခန်းတံခါး ေလးကနေ မီးရောင်မှိန်မှိန်လေးဖြာထွက်နေတာကို jinအိပ်မပျော်လို့ရေထသောက်တိုင်းတွေ့ရသည်
တစ်ခါကလည်းသူ့အခန်းထဲမတော်တဆရောက်သွားတော့ အလုပ်နဲ့ပတ်သတ်တဲ့စာအုပ်တွေထားတဲ့နေရာမှာ အလုပ်နဲ့ပတ်သတ်ပုံမပေါ်တဲ့ စာအုပ်အထူလေးတစ်အုပ်ကိုမမျှော်လင့်ပဲတွေ့ခဲ့ရသည်