"ရှာတွေခဲ့ပြီ နောက်ဆုံးတော့.."
ပန်းလေးတစ်ပွင့်လိုဘဲ
သူ့ကိုဘယ်သူမှထိလို့မရအောင် ကာကွယ်စောင့်ရှောင့်ပေးချင်တယ်-
"ဂျယ်ယွန်းရေ ထတော့ဟ"
"နောက်ထပ် 5..မိနစ်...."
"ကျောင်းနောက်ကျရင် မတက်နိုင်ဘူးနော် မင်းသဘောဘဲ"
"ဟာဗျာ" >< (ရှုပ်လိုက်တာ ဒီhyungက)
ဂျယ်ယွန်းသည်ကမန်းကတန်းလုပ်ပြီးကျောင်းကိုသွားဖို့ပြင်ဆင်နေ၏
..."layla ရေ ကိုကိုသွားပြီနော်!"
(layla - jaeyun ၏ခွေးလေးဖြစ်သည်)jaeyun သည်ကျောင်းမသွားခင် နေ့စဉ်မပျက် layla ကိုနမ်းပြီးဖွဖွလေးပုတ်သွားလေ့ရှိသည်။
-
"ဟျောင့်ရေ ငါနောက်ကျနေပြီ , မင်းတို့ဆရာ့ခဏကြည့်ပေးထား"
note - ကျောင်းနောက်ကျသူများသည်ကျောင်းပေါက်ဝတွင် မတ်တပ်ရပ်နေရသည်။ ထိုလိုမဖြစ်ချင်သော ဂျယ်ယွန်းတစ်ယောက်သည် ခြံနောက်ကဝင်ဖို့ကြိုးစားနေသည်။
ရုတ်တရက် ဂျယ်ယွန်းသည် ကျောင်းသားတစ်ယောက်ကိုမြင်လိုက်သည်။
"ဟိုလေ..အမ်...တစ်ချက်လောက် ကူညီပေးပါလား"
ထိုလူသည် မည်သူမှမဟုတ် hoodie နဲ့ ကောင်လေးဖြစ်နေသည်ကိုမြင်လျက် ခဏတာဆွံ့အသွားသည်။
ထိုကောင်လေးသည် ဂျယ်ယွန်းဆီတည့်တည့်လာပြီးကူညီပေးဖို့ကြိုးစားလိုက်သည်။
"လက်ပေး"
ဂျယ်ယွန်းသည် မတုံ့မဆိုင်း သူ့လက်ကိုပေးလိုက်သည်
ထိုအချိန်တွင်
"အား...!"အောက်တွင်ကျောက်ခဲသေးသေးလေးရှိနေသည်ကိုမမြင်၍ ထိုကောင်လေးနှစ်ယောက် ပြုတ်ကျသွားသည်။
"အာ..တောင်းပန်ပါတယ် ထိခိုက်မိသွားလားမသိဘူး"
ဂျယ်ယွန်းသည် သူ့မျက်လုံးကိုဖွင့်လိုက်ချိန်တွင် ထိုကောင်လေးမရှိတော့သည်ကိုမြင်လိုက်ရသည်။
"ဟာဗျာ နာမည်တောင်မသိလိုက်ရပါလား"
"ဂျယ်ယွန်းရေ ထတော့ဟ"
"နောက်ထပ် 5..မိနစ်...."
-
"လက်ပေး"
ထိုအချိန်တွင်
-