'အစ်ကို့သဘောကျမိနေတာ ကျွန်တော့်ဝဋ်ကြွေးတွေထင်ပါရဲ့'
'...ယနေ့မနက်တွင် HSP ၏ CEO ဖြစ်သော ဂန်မင်းဟျောင်း သည် ဒေဝါလီခံရကြောင်း သိရပါသည်' ....'"ဂျယ်ယွန်း မင်းသိလား? မင်းတို့ကျောင်းမှာ သူ့သားဆိုလားဘဲ တက်နေတာလေ"
"အစ်ကိုရာ ကျွန်တော်အဲ့တာတွေစိတ်မဝင်စားဘူးဗျ"
"အဲ့ကောင်လေးကတော်တော်သနားဖို့ကောင်းတယ်"
"ဘာလို့လဲ.."
ဂျယ်ယွန်း၏စိတ်ကိုစူးစမ်းချင်မိလေ။"အဲ့ကောင်လေးက ဂန်မင်းဟျောင်းရဲ့ သားအရင်းမဟုတ်ဘူး ငယ်ငယ်ကလည်းနှိပ်စက်ခံရတယ်လို့ကြားတာဘဲ..မသေချာပါဘူး"
ဂျယ်ယွန်းသည်ထိုကောင်လေးကိုမသိပင်သော်ငြားလည်း သနားမိလေသည်။
'ဟောဗျာ..ဒီနေ့ကစနေနေ့ဆိုပေမဲ့ အစ်ကို့ကိုနေ့တိုင်းတွေ့ချင်မိနေတာဗျာ အစ်ကိုသိရဲ့လား'
-
"မင်းကျောင်းပြီးရင်ငါ့စီးပွားရေးလုပ်ဖို့ပြင်ထား"
"ဘာကိစ္စလုပ်ရမှာလဲ ခင်ဗျားက ကျွန်တော့်အဖေအရင်းလား"
အီဟီဆွန်းသည်ငယ်ငယ်ထဲကပင် တစ်ယောက်ထဲကြီးပြင်းလာရသူဖြစ်လေ။
"မင်းအဖေအရွယ်ကို ပြန်ပြောစရာလား!"
"ဒီကောင်တော့ ငါ့လက်ထဲမှာသေတော့မယ်"ရိုက်ခြင်း၊ဆဲခြင်း၊ဆိုခြင်းသည် ဟီဆွန်းတစ်ယောက်အတွက်ပင်ရိုးနေပြီဖြစ်ချေ။
"ဒီပုံစံနဲ့ကျောင်းပြီးရင် မင်း debut ဖို့စဉ်းမစားနဲ့"
'ဒုန်း!' (တံခါးဆောင့်သံ)
"ဆောင့်ရင်း အောင့်ရင်းနဲ့ စောက်ချိုးကိုမပြေဘူး!!"
-
'ဆုံးရှုံးစရာလည်းဘာမှမရှိတော့တာမို့ ငြိမ်းချမ်းမှူရရင်ကျေနပ်ပါပြီ'
ထိုအချိန်တွင် ရုတ်တရက် အီဟီဆွန်းဆီသို့စာတစ်စောင်ဝင်လာလေ။