삽화:4

353 49 8
                                    

'သူသာပန်းလေးတစ်ပွင့်ဆို ဘယ်သူမှခူးမရအောင်သိမ်းထားချင်မိတာ အရမ်းလောဘကြီးသွားလား'

ရှင်းဂျယ်ယွန်းသည် အီဟီဆွန်းနှင့်စကားပြောရင်း အချိန်ကုန်သွားခဲ့လေသည်။

ကျောင်းဆင်းခါနီး

"ဟဲ့ ကြည့်အုံး! ဟိုမှာ ယူယောန်နဲ့ ဂျယ်ယွန်း
သူတို့ဘာမှမလုပ်ဘဲနေရင်တောင် လိုက်ဖက်နေတာ"

"ပြီးပြည့်စုံနေ​ရောဘဲ နှစ်ယောက်လုံးက"

ကျောင်းတစ်ကျောင်းလုံးကလူများသည် ဂျယ်ယွန်းနှင့်ယူယောန်အတူရှိချိန်တိုင်း သွားကြည့်လေ့ရှိကြ​၏။

"အစ်ကို ဟီ..ဟီဆွန်း!"

အားလုံးကပင် ရှင်းဂျယ်ယွန်း အရုပ်ဆိုးဆုံးကျောင်းသားကိုခေါ်လိုက်သည်ကိုမြင်ကာ အံ့အြသွားကြသည်။

အီဟီဆွန်းတစ်ယောက်သည် မကြားသလိုဟန်ဆောင် လျစ်လျူရှုကာ ထွက်သွားလိုက်ချေ။

ဂျယ်ယွန်းသည်ယူယောန်နှင့်စကားပြောနေရာကိုရပ်ကာ ဟီဆွန်းနောက်ပင် လိုက်သွားလေသည်။

"အစ်ကိုဘာလို့ ကျွန်တော့်ကိုလျစ်လျူရှုနေရတာလဲ"

"ငါပြောပြီးသား ငါနဲ့လာမပတ်သက်နဲ့ဆို"

"အစ်ကို ကျွန်တော်နဲ့နမ်းမလား"

"နမ်းပြီးရင် ထွက်သွားပေးမလား?"

"အစ်ကို တွေ့ရာတကာလူနဲ့ လိုက်နမ်းနေတော့တာဘဲနော်။
ဟိုနေ့ကလည်း တစ်ခြားကျောင်းကလူတွေကိုနမ်းပြီး ငြင်းပစ်တာ ကျွန်တော်သိတယ်"

"ငါနဲ့ထပ်ပြီး လာမပတ်သက်ပါနဲ့"

ဂျယ်ယွန်းသည် မျက်ရည်တွေနဲ့အပြည့်တစ်ခွန်းပြန်ပြောလိုက်လေ။

"ကျွန်တော့်ကိုနမ်းပါ"

မိုက်မဲမှန်းသိရက်နှင့်တောင် အီဟီဆွန်းအနမ်းကိုရချင်နေသည်။

Dandelions // heejakeWhere stories live. Discover now