'𝗛𝗮𝗻𝗮𝗵𝗮𝗸𝗶?"
𝗛𝗮𝗻𝗮𝗵𝗮𝗸𝗶 𝗱𝗶𝘀𝗲𝗮𝘀𝗲 (하나하키병)
တစ်ဖက်သတ်အချစ် ရောင်ပြန်မဟပ်နိုင်သောအချစ်
တစ်စုံတစ်ယောက်ကိုချစ်ပြီး ပြန်မချစ်ခံရသောအခါ ခံစားရသောရောဂါတစ်မျိုးဖြစ်၏။ရောဂါခံစားရသူသည် လည်ချောင်းတစ်လျှောက်ရှိ အဆုတ်မှ ပွင့်ဖတ်များနှင့် ပန်းပွင့်ငယ်လေးများပြည့်နေတတ်ပြီး ချောင်းဆိုးချိန်များတွင် ပန်းပွင့်ဖတ်တွေအန်ထုတ်တတ်ကြသည်။
ကိုယ်တစ်ဖက်သတ်ချစ်သော သူဆီကအချစ်စစ်ရရှိမှ ရောဂါအမြစ်ပျောက်မည်ဖြစ်သည် သို့သော် ခွဲစိတ်ကုသမည်ဆိုလျှင် ပန်းပွင့်များနှင့်အတူ ခံစားချက်များပျောက်ကွယ်သွားမည်ဟုဆိုနိုင်သည်။
ထိုအခါ ကိုယ်ချစ်သောသူက ပြန်မချစ်နိုင်၊ခွဲစိတ်ကုသမှုလည်းမခံယူပါက ထိုအဆုတ်တစ်ခုလုံး ပန်းတွေ အပြည့် အမြစ်တွယ်ရ အသက်ရှုမရတော့ကာ ဆက်လက်ချစ်နေရင်း အဆုံးသတ်သွားမည်ဖြစ်သည်။
သို့ပေမဲ့ ပန်းအမျိုးအစား ပန်းအရောင်သည် တစ်ယောက်နှင့်တစ်ယောက်မတူနိုင်ချေ။
ကိုယ်သဘောကျသူ၏ အကြိုက်ဆုံးပန်း အကြိုက်ဆုံးအရောင်သည် ဆူးများလွန်းသော ပန်းဖြစ်ပါက ဒီထက်မက ပိုခံစားရမည်ဖြစ်သည်။' မချစ်မိပါစေနဲ့ '
-
ကျောင်းမတက်မီ"C ခန်းက hoodie နဲ့ကောင်လေးကို တစ်ယောက်ယောက် တွေ့မိသေးလားဗျ"
"ဟဲ့ ဟဲ့ရေ ဒါဂျယ်ယွန်းနဲ့ စကားပြောဖို့အခွင့်ကောင်းဘဲ"
ကောင်မလေးတိုင်းသည် အခွင့်အရေးရဖို့ကြိုးစားနေကြသည် သို့သော် ထိုကောင်လေးကို မည်သူမျှ သတိမထားမိလိုက်ပေ။
ဂျယ်ယွန်းသည်တစ်နေကုန် ဤကောင်လေးကိုရှာနေသောကြောင့် ပင်ပန်းမောပန်းလာကာ သက်ပြင်းချလျက် လက်လျော့ဖို့ကြိုးစားလိုက်သည်။
.
.
.
ထိုအချိန်တွင် သစ်ပင်အောက်ထိုင်နေသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်သည်။