'အသက်ရှင်နေရတာ ဘယ်သူ့အတွက်လဲ'
'...မေမေကသားကိုအချစ်ဆုံးပေါ့'
'ဒါဆိုမေမေသားကိုထားခဲ့မှာလား'
5နှစ်သားအရွယ်ကလေးတစ်ယောက် မျက်ရည်တွေအပြည့်နှင့် သူ၏ မိခင်ကိုဘယ်တော့မှ ထွက်မသွားရန် တောင်းဆိုလေသည်။'ကယ် ကတိပေးပါတယ်ရှင်'
'မေမေ့ကို ဒီကမ္ဘာပေါ်မှာ အချစ်ဆုံးဘဲ~!'
သားအမိနှစ်ယောက် လက်နှစ်ဖက်ချိတ်ပြီး dandelions ခင်းထဲမှာလမ်းလျှောက်နေရဲ့။-
'မေမေ ဘာလို့အိပ်နေတာလဲဟင်'
'မေမေအိပ်နေတာကြာနေပြီလေ..''မေမေက တစ်သက်လုံးအနားယူနေတော့မှာ ကလေးရဲ့..'
ထိုကလေးသည် သူ၏မိခင်ကို ဖွဖွလေး နဖူးပေါ်မှာနမ်းလိုက်လေ။
'ကလေးငယ် ဘာလုပ်နေတာလဲ'
ဘေးပတ်ဝန်းကျင်ကလူတွေမေးခွန်းထုတ်လေ။'မင်းသားက မင်းသမီးကိုနမ်းလိုက်ရင် မင်းသမီးပြန်နှိုးလာမှာလေဗျာ'
အပြုံးတစ်ပွင့်နှင့် ပတ်ဝန်းကျင်က လူတွေကိုပြန်ဖြေလိုက်လေ။ချွေးတွေကျစီးလျက် မျက်ရည်တွေတောက်လျှောက်ကျကာ အီဟီဆွန်းတစ်ယောက် အိမ်မက်ကနိုးလာလေပြန်။
"ထွက်သွားတာ 13 နှစ်တောင်ရှိနေပြီ.."
-
"အမယ်လေး ဂျယ်ယွန်းရေ..ထတော့~!"
"ဟော ဒီကောင်လေး အိပ်နေတာတောင်ပြုံးနေသေးတယ်""ရှင်းဂျယ်ယွန်း ~~!"
"မင်းနောက်ကျလိုက်တာ ဘယ်လိုဖြစ်တာလဲ"ဂျယ်ယွန်း၏သူငယ်ချင်းများကြည့်နေချိန် ဂျယ်ယွန်းတစ်ယောက် သူကိုယ်တိုင်တောင်မသိဘဲ ပြုံးနေမိလေ။
"အာ..ဒီတိုင်းစာလုပ်ရင်း ညနက်သွားလို့"
ထိုစဉ် ယူယောန်တစ်ယောက် ဂျယ်ယွန်းဆီ လာနေသည်ကိုမြင်ကာ သက်ပြင်းချလိုက်သည်။
"ဂျယ်ယွန်း~ ဒီနေ့ည ငါတို့အိမ်လာပါလား
အဖေနဲ့အမေက နင့်ကိုဖိတ်လိုက်တယ်..!""အင်း..လာရင်ပြောမယ်"
ထိုအချိန် အီဟီဆွန်းကိုလှမ်းမြင်လိုက်၍ ဟီဆွန်းတစ်ယောက်ဆီအပြေးသွားလေသည်။