Unicode......
နာရီလက်တံအချို့ကို စောင့်နေရသူအဖို့ ထိုးခဲလှသော လေးနာရီသို့ ရောက်ရှိလာသည့်အချိန် ခြံထဲသို့ကားဝင်သည့်အခါ ဧည့်ကြိုဖို့အအေးခွက်ကလေးကိုင်းပြီး ထွက်လာသည့် အမျိုးသမီးဟာစိမ်းမြတ်ယံ ဖြစ်လင့်သော် ။
" အစန်း ငါ့ပစ္စည်းတွေလာသယ်..... "
အစ်ကို တစ်နည်းအားဖြင့် စိမ်းကိုပိုင်ဆိုင်ထားရသည့် တရားဝင်ယောကျာ်းသည် အအေးခွက်နှင့် စိမ်းကိုဂရုမစိုက် အစန်း ဆိုတဲ့ အိမ်အကူ အမျိုးသမီးအားလာယူခိုင်းစေသောအရာသည် ရှမ်းပြည်ဘက်မှ တောစတော်ဘယ်ရီသီးများပင် ။ ဤအရာသည် စိမ်းအတွက်ပင် မဟုတ်လား ။ စိမ်းပြုံးနေတုန်းမှာပင် ။ တရုတ်တစ်ရက်။
" ဒါဘယ်လဲ.... "
ဦးဟန်ကိုကိုမြတ် နောက်လှည့်ကြည့်လာသည် ။အခုမှ ဆိုက်မြိုက်စွာ အိမ်ထဲသို့ရောက်လာခါရှိသေးသည်။ ကားတံခါးဆွဲဖွင့်နေသည်မှာ ဘယ်သို့ပြန်သွားဖို့လဲ ။
" အလုပ်ကိစ္စရှိသေးလို့ပါ.... "
စိမ်းဟက်ခနဲ့ ရယ်မိလိုက်သည် ။ ထိုးခဲလှသည့် နာရီလက်သံတွေက စိမ်းကိုပြန်လှောင်ကြကုန်ရောပေါ့ ။
" အခုမှ အလုပ်ကပြန်လာတာမဟုတ်ဘူးလား အစ်ကို ။ "
" မင်း ဘာလို့အမေးအမြန်းထူးနေတာသလဲ စိမ်း.... "
စိမ်းပိုင်ဆိုင်ချင်ခဲ့တဲ့ယောကျာ်း။ စကားနည်းပြီး စိတ်ရှည်တတ်တဲ့အမျိုးသား ။ အနေအေးတတ်သည့်လူဟာ အဘယ်ကြောင့်ငြူဆူနေရပါသလဲ ။ငြူဆူရာတွင်လည်း လေသံဟာတင်းမာမူမရှိ ။ စိတ်ရှုပ်နေသည့်ဟန်သာ။
" စိမ်းမှာမေးခွင့်မရှိဘူးလား။ဒါမှမဟုတ်အစ်ကို့မှာဘဲအကြောင်းပြချက်ရှာမတွေ့တတ်လို့ဘဲလား ။ စိမ်းကရောတရာဝင် ဇနီးမဟုတ်ဘူးလား .... "
မေးခွန်းတွေ တန်းစီးထုတ်နေရာမှတရာဝင်ဇနီးဟုဆိုရာတွင် ဘာလို့အရှိုက်ထိသွားရပါသလဲ။
" ကိုက ဘာကိုအကြောင်းပြချက်ပေးရမလဲ စိမ်း ။မင်းဘက်ကသာ အတွေးတွေ များနေတာ... "
အပြစ်မကင်းတဲ့လူတစ်ယောက်အပြစ်ကင်းယောင်ဆောင်တတ်တဲ့မျက်ဝန်းတွေ ရိပ်မိတတ်ပါတယ် ။
YOU ARE READING
Deception of Love ( အချစ် လှည့်စားခြင်း/အချစ် လှည့်စားခြင်း)
Actionအချစ်ကိုလှည့်စားကြရင်း..... အချစ်ရဲ့ လှည့်စားခြင်းကိုခံရတာမျိုး