Deception of love - 2 (U+Z)

6.4K 286 4
                                    

အသံလုံအခန်းငယ်တစ်ခုထဲတွင် အဝါရင့်ရင့် ခပ်မိုင်းမိုင်း မီးရောင်ဟာအခန်းတစ်ခုလုံး အပြည့် နေရာယူထားသည်။တစ်ခန်းလုံး၌ ဆေးလိပ်ငွေ့တို့မှာ ပိတ်လှောင်နေလျက်ရှိ၍ TVထံမှ လာနေသော နိုင်ငံခြားသတင်းများသည် ထိုအသူအဖို့ စိတ်ဝင်စားစရာမရှိ ။လက်ကြားညှပ်ထားသည့် ဆေးလိပ်အား ရှိုက်ဖွာနေရင်း အမျိုးသမီးငယ်တစ်ဦး၏ ခါးပေါ်တွင် သိုင်းဖက်လျက်သားဖြင့် အသက် ၁၇ နှစ်အရွယ် ယောကျာ်းပျိုတစ်ဦးဟာ မင်းသာဂီမောင်ပင်။သူ့၏ခြေထောက်ဟာ ဆေးလိပ်ပြာခွက်နှင့် အရက်ဘီယာ အမြည်းများစွာ ခင်းကြင်းထားသောစားပွဲပေါ်တွင် ရှိလိမ့်မည်။

" မောင်ဆေးလိပ်ကြီးကိုဇွတ် မသောက်ပါနဲ့လားဟင်။မောင့် အသက်က အခုမှ ငယ်ငယ်လေးဘဲရှိသေးတာလေ...... "

ထို အမျိုးသမီးငယ်သည် လုလင်ပျို၏ ပေါင်ပေါ်တွင်နေရာယူထားလျက်ပင်ရှိသော်ငြားလည်း ရေးစိုက်ခြင်းမခံရပေ ။

" မောင်...... တို့ပြောတာကြားရဲ့လား"

ထိုအမျိုးသမီးဟာ မျက်နှာအနည်းငယ် ပျက်ယွင်းသွားသည့်ဟန် ။နေ့လည်ကစပြုခဲ့သော ရန်ပွဲထံမှ အကျိုးဆက်ဖြစ်သည့် မျက်နှာနှင့် နှုတ်ခမ်းတို့ ဖူးယောင်မူများအားကြည့်လျက် သူမမျက်နှာဟာ
ဂရုဏာဟန်ပန်ပြန်ပေါ်လာပြန်သည် ။

" မောင် အရမ်း နာနေလားဟင်။ မျက်နှာ တစ်ခုလုံးယောင်ကိုင်းနေတော့တာပဲ..... "

ချိုအီမူလွန်ကဲ၍ တမင်လုပ်သံ ထွက်နေသောမျိုးသမီးငယ်လေးဟာ လက်ထဲမှသောက်လက်စ ဝိုင်ခွက်ကို ဘေးချထားပြီးဒဏ်ရာတို့အား ထပ်ဆင့် အကဲခတ်လေတော့ တဖက်က အရေးမယူတာကို အခွင့်လုပ်ပြီး ပါးပြင်ဆီကိုလက်ဖွ့ဖွ့လေးနှင့်ထိစမ်းလာသည် ။နက်မှောင်နေသည့် ဆံပင်တွေကိုပါ ပွတ်သတ်ပေးလေတော့။

" ကျစ်...."

ဆေးလိပ် သောက်ရင်းကနေ မျက်မှောင်ကြုတ်ကာ မျက်နှာပြင်ပေါ် ကျရောက်နေသောသူမ၏ လက်တို့အား ခေါင်းရှောင်လိုက်ရင်း....

" ကျုပ်ကို မောင်လို့ မခေါ်နဲ့လို့မှာ ထားတယ် မဟုတ်ဘူးလား။မင်းသာဂီမောင် လို့ဘဲ ခေါ်စမ်းပါ..."

Deception of Love ( အချစ် လှည့်စားခြင်း/အချစ် လှည့်စားခြင်း)Where stories live. Discover now