ဒုန်း......ခွမ်း.... "
ခမ်းနားလှစွာသော ဧည့်ခန်းအတွင်း၌ ပေါက်ခွဲပစ်လိုက်သော ပန်းအိုးအပိုင်းအစများသည် ကြမ်းပြင်ပေါ်တွင် ဖွာလန်ကျဲလျှက် ။ဒေါသထွက်နေသော ဖခင်ကိုလျစ်လျှူရှု့ထား၍ ခြေထောက်ချိတ်ထိုင်လျက်ဖြင့် သူမဟုတ်သလိုနေနေနိုင်သော ရာဇက်အိမ်လည်း ရှိနေသည်။
" မင်းပြဿနာတွေကို ဘယ်အချိန်အထိကျောင်းရုံးခန်း မှာလိုက်ဖြေရှင်းပေးနေရအုန်းမှာလဲ ရာဇက်အိမ် ။ ကိုယ့်ကိုယ်အမှိုက်ဖြစ်နေတာကိုရော သိရဲ့လားသိပ်စိတ်ပျက်ဖို့ကောင်းတယ် ...... "
"ဒယ်ဒီရဲ့ ပျော်စရာအချိန်လေးတွေ ကျွန်တော့ဆီ
မျှပေးလိုက်ရလို့ မကျေမနပ်ဖြစ်သွားလား မရေမတွက်နိုင်တဲ့ကျွန်တော့ရဲ့ မေမေလေးတို့ကဒယ်ဒီ့ကို စိတ်ဆိုးသွားကြလို့လား။အမှိုက်ဆိုတော့လည်း အိမ်ဦးခန်းမှာအလှပြစားလို့မှမရတာဘဲ ဒါမဲ့ အမှိုက်က အမှိုက်လိုနေတော့ဒယ်ဒီကသဘောမကျပြန်ဘူး...."
ဦးအံ့မင်း ရာဇက်အိမ်အရှေ့၌ ခါးထောက်လျှက်
မိမိတပ်ထားသည့်ပါဝါမျက်မှန်ကိုစာပွဲပေါ်ချကာ...။"ဒီထက်ပိုမဆိုးလာခင် ဘော်ဒါဆောင်
မှာ ပြန်အပ်ထားပေးမှရတော့မယ်..... ""လုပ်ပြန်ပြီလား ။ အဲ့ဒီအချုပ်အနှောင်တွေကိုအရမ်းမုန်းတာ ။ ဒီတစ်ခေါက်လည်း အဆောင်ထုတ်ခံရအောင်လုပ်ပြီး မရရအောင်ပြန် ထွက်လာမှာ ။ ထားချင်သပဆိုလည်း ထားပေါ့ ။ "
နှစ်ဦး၏ အစမှာ ရာဇက်အိမ်ကို ဦးအံ့မင်းက ကိုယ်ပိုင်အထက်တန်းကျောင်းတွင်ထားပေးခဲ့သည် ။သို့သော်တစ်လမပြည့်ခင် တစ်ပတ်တွင် ၅ ရက်လောက်မှာ ဖြစ်လိုက်သည့်ရန်ပွဲဆက်များနှင့်မရိုးရသော ပြဿနာတွေနှင့်အတူ ချိုးဖောက်လိုက်သော အဆောင်စည်းကမ်းများကြောင့်အဆောင်မှ သတိပေးစအကြိမ်ကြိမ်ရောက်လာပြီး နောက်ဆုံးထုတ်ခံရသည်အထိပင်ဖြစ်သွားလေသည် ။
" ကိုယ့်ကိုလူလို့ သတ်မှတ်ထားရင်လူ့ကျင့်ဝတ်ကို နားလည်...... "
ရာဇက်အိမ် ခပ်ရွဲ့ရွဲ့ အနေအထားတစ်ခုမှ အဖေဖြစ်သူအား မေးထောက်လျက်ကြည့်ပြီး...... ။
YOU ARE READING
Deception of Love ( အချစ် လှည့်စားခြင်း/အချစ် လှည့်စားခြင်း)
Acciónအချစ်ကိုလှည့်စားကြရင်း..... အချစ်ရဲ့ လှည့်စားခြင်းကိုခံရတာမျိုး