Deception of love - 11(U+Z)

3K 168 14
                                    


Unicode......

" စိမ်းရယ် ။ မင်းဒီအထိတော့ လိုက်လာဖို့ မသင့်ဘူးထင်တယ်ကွာ..... "

အစ်ကို နှင့် စိမ်း နှစ်ယောက်စလုံးရောက်ရှိနေ​ကြသည့် နေရာသည် ပုဂ္ဂလိကဆေးရုံတစ်ခုတည်း၌ပင် ။ အစ်ကိုက နောက်ကျေားပေးထားပြီး ကာရပ်ထားသည့် အခန်းသည်...

" ဟို​မိန်းမရဲ့ အခြေအနေကိုလာကြည့်တာပါ ။ ဘယ်လိုလဲ ဗိုက်နာနေပြီလား ။.... "

အစ်ကိုဟာ ချွေးများစွာစို့​နေလျက် သူ့အနောက်ကအခန်းကိုလှည့်ကြည့်လိုက်ရင်း အခန်းအရှေ့ကနေမခွာပင် ။ စိမ်းက ထိုအခန်းအထဲသို့ ဝင်လာမှာဆိုးသည့်အလားဟန် ။

" အဲ့... အဲ့.... အူးဝဲ..... "( ကလေးငိုသံ)

အခန်းထဲမှ ကလေး၏ ငိုသံကိုကြားရသော် ။  နှုတ်ခမ်းဆီ အနီရောင်ဆိုးထားသည့် စိမ်းနှုတ်ခမ်းတွေပြုံးလာသည့်အခါ အစ်ကို့ မျက်ဝန်းတွေက ထိန်းထားခက်သည့် စိုးရွံ့မူ​များကို မြင်ရ၏ ။

တဖန်အစ်ကိုသည် မျက်လွှာကိုအောက်ပြန်ချပြီးစိမ်းကို ပြန်ကြည့်လာသည့် မျက်ဝန်းတွေက ပိုစူးရှလာသည် ။ ဟိုမိန်းမကို အကာလုပ်ပေးဖို့ စိမ်းကို မာန်ထောင်လာသည့် မျက်ဝန်းတွေကြောင့် အံ့တစ်ချက်ကြိတ်ရင် ခပ်မတ်မတ်ရပ်နေရာမှ အရှေ့သို့ ခြေလှမ်းခပ်ရဲရဲ ထပ်လှမ်းလိုက်သည် ။ စိမ်းဟာ အစ်ကို
ကျေားပေးထားသည့် တံခါးကိုဖွင့်ဖို့လုပ်ရာတွင်
" စိမ်း.... " ဟုဆိုလာကာ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားသော ဦးဟန်ကိုကိုမြတ်၏ အသနားခံလာမူသည် စိမ်းအတွက် အကျုံးမဝင် ။

" စိမ်းရယ် မင်းပြန်ပါတော့ ငါ့စကားလည်း ငါသိပါတယ်... "

စိမ်းမဲ့​ပြုံးတစ်ချက်​ပြုံး​ပြ၍ အစ်ကို့လက်တွေကို ဖြုတ်ချကာ တံခါးကိုမရရအောင်ဖွင့်ပြီး အခန်းထဲသို့ဝင်လာလိုက်သည် ။ကုတင်ပေါ်မှာ ပက်လက်အနေအထားရှိနေသည့် Rusy ဆိုသည့် မိန်းမကို တွေ့ရသည် ။ စိမ်းဝင်လာသည်နှင့် ထိုမိန်းမသည် အထိတ်တလန့်ရှိသွား၍ စိမ်းနောက်ကျေားမှာရောက်လာတဲ့ အစ်ကို့ကို အားကိုတကြီးဖြင့်ကြည့်လာသည် ။

စိမ်းသည် ထိုသူတို့နှစ်ယောက်စလုံး၏ အရှေ့မှာအောင်နိုင်သူ တစ်ယောက်ပမာပြုံးရင်း အရှုံးတွေစိုက်ရောက်တော့မည့် လူနှစ်ယောက်၏ ကံကြမ္မာဟာ ပုခက်ထဲမှ ကလေးပင်မဟုတ်လား ။ အဲ့ဒီနောက် ပုခက်ထဲမှ ကလေးကို ကောက်ပွေ့ကာ ကြည့်လိုက်သည့်အခါ မိန်းမကလေးမွေးထားတာဘဲ....။

Deception of Love ( အချစ် လှည့်စားခြင်း/အချစ် လှည့်စားခြင်း)Where stories live. Discover now