Deception of love - 10 (U+Z)

3.5K 153 5
                                    

Unicode......

ဦးအံ့မင်းနှင့် ကိုစစ်မင်းတို့ ဆေးရုံမှပြန်ထွက်လာခဲ့​ကြပြီးအိပ်အကြည်ထဲမှ ထုပ်ထား​သော ရာဇက်အိမ် ထိုးခံထားရသည့် ဓားအားစစ်မင်း လက်ထဲသို့ ထည့်ပေးလိုက်ကာ....

" ပန်းတိမ်ဆိုင်ကိုသွား ဒီဓားရိုးကို ရွှေသားနဲ့ကွပ်ခဲ့ ဓားအိမ်ကို​တော့ သရေသားနဲ့ လုပ်ခိုင်းပြီးတာနဲ့ ဦးဇေယျာထင် တို့ဆီကိုပို့ပေးလိုက်။ ဆရာက ဒီနှစ်သစ်ကူးလက်ဆောင်ပါလို့ပြောလာခဲ့ ။ ..... ။

ပြီးရင် သူတို့ကုန်ကြမ်းယူတဲ့နေရာကိုစုံစမ်း ။ နောက်လုပ်မယ့် project အသစ်တွေကိုလည်း ရအောင်စုံစမ်းခဲ့ .... "

" ဟုတ်ဆရာ..... "

............. ။

"ပွမ်း.....ပွမ်း.... "

ခြံရှေ့မှာ ကားဟွန်းသံကြား​နေရသည် ။အိမ်ထဲမှာရှိနေသူသည် ချစ်ရိပ်ဧည့်ချိုတစ်ယောက်တည်းသာဖြစ်၍ ကားသံကြောင့် ရိပ်တစ်ယောက် TVကို ကြည့်နေရင်း စားနေသော အချဥ်ပုကန်ကို ဘေးချကာ တံခါးဖွင့်ပေးဖို့ ခြံထဲပြေးသွားလိုက်သည် ။

အဓိပြန်လာပြီနဲ့တူပါတယ်လေဟု စိတ်ထဲတွေးမိသော်လည်း ။အိမ်ရှေ့၌ ရပ်စောင့်နေသော ကားဟာ အဓိကားလည်းမဟုတ်ချေ ။ ဘယ်သူဖြစ်နေမလဲ ။

" ဘာလုပ်နေတာလဲ တံခါးမြန်မြန်ဆွဲဖွင့်လာလေ"

မာန်ပါပါနှင့်ပြောလာသည့် မိန်းကလေးတစ်ယောက်၏လေသံကြောင့် မြပေလွှာကျေးဆိုတာကို ရိပ်တန်းသိသည် ။

ခြံတံခါးဟာ တွန်းရသည်မှာ အနည်းငယ်ကြပ်ပါသည် ။ပိန်းပါးသည့် မိန်းမငယ် အားနှင့် တော်ရုံအမြန်ဖွင့်၍မရနိုင်ချေ ။ ရိပ်လည်း အားကုန်တွန်းနေပါသည် ။ တံခါးဟာဖြေးဖြေးချင်း သွားသည်ကြောင့်ထိုမိန်းမဟာ စိတ်မရှည်သည့်ဟန်ဖြင့် ဟွန်းကိုအဆက်မပြတ်သာ တီးနေသည် ။ကားတစ်ဝင်စာလောက် ရလာသည့်အခါ ထိုမိန်းကလေးသည် ဆိုင်းမဆင့်ဗုံမဆင့်ကြီး ကားကိုမောင်းဝင်လာသည်မို့ ရိပ် အမြန်ဖယ်ပေးလိုက်ရသေးသည် ။ ပြီးနောက် ခြံတံခါးကို ပြန်ဆွဲပိတ်ကာအထဲပြန်ဝင်လာသည်..... ။

အိမ်ထဲတွင်အသင့်ထိုင်စောင့်နေသည့်မြပေလွှာကျေးသည် ချစ်ရိပ် ဝင်ဝင်လာချင်းမှာပင် ....

Deception of Love ( အချစ် လှည့်စားခြင်း/အချစ် လှည့်စားခြင်း)Where stories live. Discover now