Deception of love - 12(U+Z)

3.1K 178 12
                                    


Unicode.....

အင်းယားကန် ဘောင်ဘေး ခုံတန်းလေးပေါ်ဝယ် ရှိနေကြသည့်အပြာရောင်ဝမ်းဆက်ဖြင့် အမျိုးသမီးဟာ အဖြူရောင်ရှပ်လည်ကုတုံးဝတ်ဆင်ထားသည့် ကောင်လေး၏ရင်ခွင်ထဲတွင်သာ ရှိလေ၏ ။

" ပျို..... " ဟုတ်တယ် ။ထိုသူတို့သည် ချစ်သူရည်းစားဖြစ်သော ရာဇက်အိမ် နှင့် ပျိုပင် ။

" နင်ငါ့ကို လွမ်းနေတာလားဟင်... "

" အင်း.... "

'အင်'တစ်လုံးတည်းသာ ဖြေလာသော ဇက်အိမ်ကို
ပျိုအလိုမကျမိသည့်အခါ  ဆံသားငယ်တို့ ကြား တိုးကပ်ပြီးနမ်းရှိုက်မိသည့် ဇက်အိမ်ကို ရှောင်တိမ်းပြစ်လေကာ ။ ရင်ခွင်ထဲမှ ပျိုဟာ ခေါင်းမော့ကြည့်လာသော် ။

" ဘာဖြစ်တာလဲ ပျိုရဲ့.... "

" ငါပုဂံ သွားတုန်းက ဘာလို့ဆက်သွယ်လို့မရတာလဲ... "

ထိုအခါ ဇက်အိမ်၏ ရှောင်တိမ်းဟန် သိုဝှက်ဟန်ရှိသော အပြစ်ကိုဖုံးဖိနေသည့် မျက်ဝန်းတွေကို အထင်းသားမြင်မိတော့ မေပျိုနုသွေး၏ မယုံသင်္ကာမူများက ပို၍တိုးပွာ​စေသည်။

" အား.... အဲ့ဒါလား ။ ငါ့ဖုန်းကျပျောက်သွားတယ်လေ ... "

မေပျိုနုသွေးမှာ  ဇက်အိမ်ရင်ခွင်ထဲမှ ချက်ချင်း ထွက်လာလိုက်ကာ ကန်ရေပြင်ကို မျက်ရည်အဝိုင်းသားဖြင့် ငေးကြည့်လျက်။

" အဲ့​ဒါနဲ့ပဲ အဆက်သွယ်ဖြတ်လိုက်တယ်ဆိုပါတော့။ ငါနင့်နားမရှိတော့တဲ့ အတောအတွင်း လွှတ်လပ်မူကိုရှာတွေ့သွားတာလား ။ ငါကပဲ နင့်အပေါ်မှာ ချုပ်နှောင်ထားတယ်လို ခံစားနေရလို့လား...... "

" ပျို ။ မင်းပြောနေတာကို ငါနားမလည်ဘူး ။ပြီးတော့ အဲ့လိုမျက်ဝန်းတွေနဲ့ လာမကြည့်နဲ့.... "

ပျို့၏အသံတိတ်မျက်ဝန်းတွေဟာ ရာဇက်အိမ်အတွက် ဟန်မကျချင်စရာ ။

"  တချို့ကိစ္စတွေက ငါသိပြီးမှ တမင်မေးတာ ရာဇက်အိမ်။  ငါ့မှာတော့ တစ်ညလုံးအရူးကြီးတစ်ယောက်လို ခံစားနေရပြီတော့နင်က တစ်ခြားကောင်မလေးနဲ့ဆိုင်ထိုင်နိုင်သေးတယ်.... "

" ဘာ...."

ဧကန ငါ့ဖုန်းက ဟိုကောင်ဆီရောက်ပြီး ပျိုနဲ့ငါ့ကြားကို မွှေထားပြန်ပြီထင်တယ် ။

Deception of Love ( အချစ် လှည့်စားခြင်း/အချစ် လှည့်စားခြင်း)Where stories live. Discover now