1

1K 82 17
                                    

လောကကြီးကို အ​ရောင်​တွေနဲ့​ဖော်ပြတယ်ဆိုရင် သူက ကျွန်​တော့်ရဲ့အဖြူရောင်...

●●●●●●●●●●●●●●●●●

​ကောင်​လေးတစ်​ယောက်ရှိတယ် ၊ ငါလို​ကောင်နဲ့ မတန်တဲ့​​ကောင်​လေးတစ်​ယောက်...
ဒီအတိုင်း​နေရင်​တောင် ပြီးပြည့်စုံ​နေပြီးသား​ယောကျ်ားတစ်​ယောက် ။

●●●●●●●●●●●●●●●●●

စီးကရက်​ငွေ့​တွေက ​​မည်း​​မှောင်​နေတဲ့အခန်းထဲမှာပြည့်သိပ်​နေတယ် ။ ခပ်ဟဟ လှစ်တင်ထားတဲ့ ခန်းစီးလိုက်ကာစက လ​ရောင်ကို အလိုမရှိခဲ့ ။
သွယ်လျလျလက်တစ်စုံက ကြမ်းရှရှမျက်နှာကို ပွတ်သပ်တယ် ။ မရိတ်မသင်ဖြစ်တဲ့အ​မွှေးအမျှင်​တွေက မျက်နှာပြင်တစ်ခုလုံးကို ကြမ်းရှ​စေပုံပါပဲ ။

"ငါသာ ပိုင်ဆိုင်ရရင် သိပ်​ကောင်းမှာပဲ"

နား​ထောင်​ကောင်းတဲ့အသံဖြစ်​ပေမယ့် သူ့ရဲ့​ရေရွတ်သံကို​တော့ ကြားနိုင်ကြမှာမဟုတ် ။ လ​ရောင်ပက်ဖြန်းထားတဲ့ခြံဝန်းဟာ ကြည့်စရာမရှိ ဗလာနတ္ထိ ။

အခန်းထဲကမျက်ဝန်း​တွေက​တော့ ခြံဝန်းကို​ကျော်လို့ တခြားတစ်ဖက်ကို ​ရောက်​နေတယ် ။ သူ​ငေး​နေတာ အဖြူရောင်က​လေးဆို သူကိုယ်တိုင်က​တော့ မီးခိုး​ရောင်ပါပဲ
အ​မှောင်ထဲမှာ တိမ်မြှုပ်​ပျောက်ကွယ်သွားမယ့် မီးခိုး​ရောင်​ပေါ့ ။

●●●●●●●●●●●●●●●●●●

"​ဘေးကို ​ဘေးကို....ဘရိတ်မမိဘူးဗျ"

အလန့်တကြား​​အော်ဟစ်သံနဲ့အတူ စက်ဘီးတစ်စီးဟာ ကုန်းအဆင်းက​နေ အရှိန်နဲ့ထိုးဆင်းလာတယ် ၊ ဘရိတ်ကို အားကုန်ညှစ်​နေရင်း  စက်ဘီးပိုင်ရှင်ဟာ ခြင်းထဲက​နေ တစ်ပွင့်စီထွက်ကျကုန်တဲ့ ​ဒေစီပန်း​တွေကို​တောင် ဂရုမစိုက်နိုင်ဘဲ သူ့​​ရှေ့က တစ်စုံတစ်​ယောက်ကို မတိုက်မိ​စေဖို့ရာ အသံ​တွေပြာအောင် ​အော်ဟစ်​နေတယ် ။

'ကျွိ'  "အ့"

သွယ်လျပုံ​ပေါ်​ပေမယ့် သန်မာတဲ့လက်​တွေက သူ့ရဲ့စက်ဘီးကို အ​ရှေ့က​နေ ထိန်း​ပေးလိုက်တဲ့အခါ ​နောက်ဆုံး​သော ​ဒေစီလက်ကျန်​တွေနဲ့အတူ သူပါ ​မြေပြင်ကို ဆင်းသက်ရတယ် ၊ ​ကျေးဇူးတင်စကား​ပြောဖို့ ​ခေါင်းကို​မော့​တော့ သူ့ကို ခပ်တင်းတင်းကြည့်​နေတဲ့မျက်ဝန်း​တွေ...။

"စက်ဘီးကို ဘယ်လိုစီး​နေတာလဲ
ဘရိတ်မမိတာမသိဘူးလား"

သြရှရှအသံက သူ့ကို ရုတ်တရက်ထိတ်လန့်သွား​စေတယ် ၊ သူ့ဘဝမှာ ဘယ်သူကများ ​လေသံမာမာနဲ့ သူ့ကို စကား​ပြောဖူးလို့လဲ ၊
တွန့်ချိုး​နေတဲ့မျက်ဝန်း​တွေပါ အဆစ်ထပ်​ပေါင်း​လေ​တော့ ကြည့်ရတာ ဒီပုဂ္ဂိုလ် သူ့ကို အ​​တော်စိတ်ဆိုး​နေပုံရပါတယ် ။

"​တောင်းပန်ပါတယ်ခင်ဗျာ"

ယဥ်ယဥ်​ကျေး​ကျေး​တောင်းပန်လိုက်​ပေမယ့် ထိုသူက​တော့ သူ့ကို ခွန်းတုံ့ပြန်မလာဘဲ ​ခြေလှမ်းကျဲကျဲလှမ်းရင်း သူ့အနားက​နေ ထွက်သွားတယ် ၊
ဘာ​ကြောင့်ရယ်မသိ ဒီပုဂ္ဂိုလ် စိတ်ဆိုးသွားမှာ သူသိပ်​ကြောက်တာပဲ
​မြေပြင်​ပေါ် ပြန့်ကျဲသွားတဲ့ ​ဒေစီပန်း​တွေကို ခပ်မြန်မြန်​​ကောက်ယူပြီး စက်ဘီးကို ပစ်ချလို့ ထိုသူရဲ့​ရှေ့ ​ရောက်တဲ့အထိ သူ ​ပြေးသွားလိုက်တယ် ။

"ဒီမှာ ​မြေ​ပေါ်ကျသွားတဲ့ပန်း​တွေဆို​ပေမယ့် တန်ဖိုးရှိတဲ့ပန်း​​တွေပါ ၊ ဒီပန်း​တွေနဲ့ အကို့ကို​တောင်းပန်ရင်​ရော ကျွန်​တော့်ကို ခွင့်လွှတ်မလား...."

ဒီကမ္ဘာမှာ ​​ပထမဆုံးဆုံတဲ့ ယောက်ျား​လေးတစ်​ယောက်ကို ​​ဒေစီပန်း​တွေ​ပေးပြီး ​တောင်းပန်တာ ​ရှောင်းကျန့်တစ်​​ယောက်ပဲရှိမယ်ထင်ပါတယ် ။

●●●●●●●●●●●●●●●●●

​မှောင်မိုက်​နေတဲ့အခန်းအတွင်းမှာ ဒီ​နေ့​တော့ စီးကရက်​ငွေ့​တွေ​ပျောက်ဆုံး​နေခဲ့တယ် ။ အခန်းပိုင်ရှင်ဟာ ​ဖန်အိုး​ထဲမှာရှိ​နေတဲ့ ​ဒေစီပန်းက​လေး​တွေ ညှိုးသွားမှာစိုးလို့ သူ ​သောက်​နေကျ စီးကရက်ကို​တောင် စွန့်ပစ်ခဲ့ပါသတဲ့ ။

"မင်းက ကိုယ့်ရဲ့အဖြူရောင် ​ဒေစီပန်း​လေး"

ဒီ​ရေရွတ်သံကို​တော့ အဖြူ​ရောင်​ဒေစီပန်း​လေးဆီ ​​ဆောင်ယူသွား​​​ပေးချင်ပါတယ်

Take A Chance On MeWhere stories live. Discover now