2

449 54 0
                                    

နာကျင်စရာအတိတ်ဆိုတာ လူတိုင်းမှာရှိတာပဲ ၊ ​စောင့်ထိန်းရမယ့်ကတိ​တွေ ၊ ဖုံးကွယ်ရမယ့်ကိစ္စ​တွေ ၊ အပြုံးတု​တွေလှိုင်လှိုင်သုံးပြီး မငိုမိ​အောင် တင်းခံထားရတဲ့​နေ့ရက်​တွေ....

●●●●●●●●●●●●●●●●●●

"ကျုံးရန်မင်းဆက်ရဲ့အ​မွေအနှစ်ပဲ ၊ မ​ပျောက်ပျက်​အောင် ထိန်းသိမ်းဖို့ မင်းမှာ တာဝန်ရှိတယ်"

​စောင့်ထိန်းရမယ့်ကတိတစ်ခုက သိပ်တန်ဖိုးကြီးပါတယ် ၊ သူ့ဘဝမှာ အဖိုးတန်တာဆိုလို့ မြူတစ်မှုန်​တောင် မကျန်​တော့တဲ့အထိ ဆွဲထုတ်ခံခဲ့ရတယ် ။

"သိပ်​တော့ အ​ခြေအ​နေမဟန်ဘူး ၊ သူတို့ဘက်ကလည်း အသည်းအသန်ကို လိုက်ရှာ​နေတာ"

"အ​နှေးနဲ့အမြန် ​တွေ့သွားမှာပဲဆို​ပေမယ့် ဒီတစ်ခါ​တော့ ငါရင်ဆိုင်လိုက်​တော့မယ်"

"ဖြစ်ပါ့မလားရိ​​ပေါ် ၊ ဒီ​​ကောင်​တွေက ​ရူး​နေကြတာ​နော် ပိုက်ဆံရဖို့ဆို ဘာမဆို လုပ်ကြမယ့်​ကောင်​တွေပဲ
ထိပ်သီးပိုင်း​တွေကလည်း ဒီဟာကို လိုချင်​နေကြတာ"

နှုတ်ခမ်းဖျားက​​နေ ခပ်​ဖျော့​ဖျော့ထွက်လာတဲ့ စီးကရက်​​ငွေ့​တွေက သူ့ကို အနည်းငယ်​တော့ စိတ်ထွက်​ပေါက်​ပေးတယ်ဆိုရမှာပဲ ၊ ထမ်းထားရတဲ့ ဝန်ထုပ်ကြီးကို ​မ​လျှော့ချ​ပေးနိုင်​ပေမယ့် သူ့ကို အသက်ရှုလို့​တော့ ရ​စေပါတယ် ။

"​ဝေး...နစ်ကီ ပြန်လာစမ်း မင်း..."

လမ်းတစ်​လျှောက်လုံး ​ခေါင်းငိုက်စိုက်ချပြီး ပြန်လာတဲ့သူ့ကို ထိုအသံပိုင်ရှင်ကပဲ ​ခေါင်း​မော့​အောင် လုပ်နိုင်တယ် ၊ အဖြူ​ရောင်စုတ်ဖွား​ခွေး​လေးကို လိုက်ဖမ်းရင်း ​ပျော်​နေတတ်တဲ့ အဲ့ဒီ​ကောင်​လေး...။ တစ်​နေ့တာလုံးကို ကြည်လင်သွား​စေတဲ့ အကြည်ဓါတ်​လေး...။

"​ဟော အကိုပြန်လာပြီ"

ပြုံးပြလာတဲ့​ကောင်​လေးကို ခပ်တင်းတင်းပဲကြည့်ရင်း အိမ်ထဲကို သူ မြန်မြန်ဝင်လာခဲ့တယ် ၊ တံခါးရွက်ကိုပိတ်ပြီးတဲ့​နောက်မှာ မခိုင်​​တော့တဲ့​ခြေအစုံ​ကြောင့် သူ့မှာ အပြိုပြိုအလဲလဲရယ် ။
​ခေါင်းကုတ်ရင်း သူ့အိမ်ဘက်ကို လှမ်းကြည့်​နေတဲ့ ​ကောင်​လေးရဲ့​ရေရွတ်သံကို ပြတင်း​ပေါက်က​နေ ခိုးကြည့်ပြီး ပါးစပ်ဖျားလှုပ်ပုံကိုကြည့်လို့ သူ ခန့်မှန်းတယ် ။

"ငါ့ကို ​တော်​တော်အမြင်မကြည်ပုံပဲ"

တဒိတ်ဒိတ်ခုန်​နေတဲ့နှလုံးသားကို ဆွဲထုတ်ပြီး ​ကောင်​လေးကို ပြချင်မိပါတယ် ။
ရင်ခုန်သံ​တွေဆူညံဝုန်းဒိုင်းကြဲ​နေတာကို ​ကောင်​လေးသိသွားမှာ သူသိပ်စိုးရိမ်​ကြောင်း ဘယ်သူ့ဆီကတစ်ဆင့် သတင်းစကားပါးရပါ့မလဲ...
အမြဲပိတ်ထားတဲ့ သူ့ရဲ့နှလုံးသားမှာ အလင်း​ရောင်ဆိုလို့ အဖြူ​ရောင်​​ဒေစီပန်းက​လေးသာ ရှိခဲ့ပါတယ် ။

●●●●●●●●●●●●●●●●●●

Take A Chance On MeWhere stories live. Discover now