မလိုချင်ပါဘဲနဲ့ လွှဲပြောင်းခံခဲ့ရတဲ့ တာဝန်တွေ ၊
သူ့ဘဝမှာ သူကိုယ်တိုင် ရွေးချယ်ခွင့်မရခဲ့ဘူး ။
လမ်းပျောက်တယ် ၊ ထပ်ပြီးတော့ လမ်းပျောက်တယ်
အချိန်တစ်ခုကြာတဲ့အထိ အလင်းရောင်ဆိုတာ သူ့ဘဝမှာ မရှိခဲ့ဘူး ။
ဒါပေမဲ့....ဒါပေမဲ့....●●●●●●●●●●●●●●●●●●
"ဟော အကိုပြန်လာပြီ"
အိမ်ထဲဝင်ဝင်ချင်းမှာပဲ အသံစာစာလေးက သူ့က်ို ဆီးကြိုတယ် ။ ဗလာကျင်းနေကျ ဧည့်ခန်းမှာ စားစရာတပုံတပင်ရယ် ၊ မြုံစိ မြုံစိ ဝါးနေတဲ့ ကောင်ကလေးရယ် ၊
ပြီးတော့ သူ ဘယ်တုန်းကမှ မဝယ်ခဲ့တဲ့ TV ကြီးတစ်လုံးလည်းရှိနေခဲ့တယ် ။"ဒါ ဘယ်ကရတာလဲ"
"ကျွန်တော် ဝယ်လိုက်တာလေ"
ကောင်လေး ရင်ကိုကော့ရင်း ပြောလာတော့ သူ မျက်မှောင်ကုတ်မိတယ် ။ ဒီကောင်လေး ပိုက်ဆံသိပ်သုံးတာပဲ
ရောက်လာတဲ့ ၁၀ရက်တာအတွင်းမှာ သူ့အိမ်လည်း ကုန်တိုက်ကြီးတစ်ခုလိုကို ဖြစ်နေပြီ ။"မင်း ပိုက်ဆံတွေဘယ်ကရတာလဲ"
"နဂိုထဲကရှိတာလေ ၊ ကျွန်တော်က သူဌေးသား"
"မင်းကို အမွေဖြတ်ထားတယ်ဆို"
"ဟုတ်တယ်လေ ၊ အဲ့ဒါကမိဘပေးမယ့်အမွေ
အခုသုံးနေတာတွေက အဖိုးအဖွားတွေ ချန်ထားခဲ့တဲ့အမွေ"အာလူးကြော်တစ်ထုပ်ကိုက်ဖောက်ပြီးတော့ ကောင်လေးက အာလူးကြော်တစ်ချပ် သူ့ပါးစပ်ထဲလာထိုးထည့်ပြီး ဆိုဖာပေါ် ပြန်ထိုင်တယ် ။
လက်ရဲဇက်ရဲရှိလွန်းတဲ့ကောင်လေး...
အစပိုင်းကတော့ သူ မနေတတ်ခဲ့ပေမယ့် အခုတော့ သူလည်း သဘောကျနေပြီ
ကောင်လေး ခွံ့ကျွေးတဲ့မုန့်တွေက ပိုအရသာရှိတယ်လေ ။"အဲ့လောက်ပိုက်ဆံရှိနေရင် ကိုယ့်ဘာသာနေလေ ၊ ငါနဲ့ဘာလို့လာနေလဲ"
"အင်းး...သရဲကြောက်လို့"
"ဘာ..."
"ကျွန်တော် သရဲကြောက်လို့"
ပြန်ဖြေလာတဲ့အဖြေကြောင့် သူ ခေါင်းခါရင်း အခန်းထဲကို ဝင်လာခဲ့ရတယ် ။
တကယ့်ကောင်လေး....။●●●●●●●●●●●●●●●●●●
အချစ်က မင်းရဲ့နေ့တွေကို တောက်ပစေပါလိမ့်မယ်တဲ့
ဒီစကားကို အရင်တုန်းကတော့ မယုံခဲ့မိဘူး ။●●●●●●●●●●●●●●●●●●
ခေါင်းတခါခါနဲ့ အခန်းထဲဝင်သွားတဲ့ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့် ပြုံးလိုက်တယ် ။
အက်ိုက ခက်ထန်သယောင်ထင်ရပေမယ့် တကယ်တမ်းမှာတော့ သိပ်ချစ်ဖို့ကောင်းပါတယ် ။"အဲ့ဒါတွေက လေးတယ် ငါ လုပ်လိုက်မယ်"
ရှောင်းကျန့်ကိုယ်စား ခြံထဲကို ပန်းအိုးတွေ ကူရွှေ့ပေးတာမျိုး ၊
"ရေတွေခဏခဏကိုင်ရင် လက် ဝဲစွဲလိမ့်မယ် ၊ ပန်းကန်တွေ ငါဆေးလိုက်မယ်"
ဘာမှန်းမသိတဲ့အကြောင်းပြချက်တွေပေးပြီး ကူညီပေးတတ်တာမျိုးပေါ့ ။
"အကို့လက်ကျတော့ ဝဲမစွဲဘူးလား"
"အင်း ငါ့လက်ကကောင်းတယ်"
ဘုကလန့်အကို့ကို ရှောင်းကျန့်တကယ်ပဲ သဘောကျရပါတယ် ။
●●●●●●●●●●●●●●●●●●
တူနှစ်ကိုယ်ဖြတ်သန်းရတဲ့နေ့တွေမှာ နေရောင်ခြည်ဟာ နှလုံးသားဆီသို့ထိအောင် ဖြာကျပါတယ် ။
ပျော်စရာတွေက လေထုထဲမှာ ပြေးလွှားနေရဲ့ ၊
နွေးထွေးတဲ့အချစ်တွေနဲ့ ပွေ့ဖက်ပြီးလည်း ထွေးပါ့မယ် ။
သဘောကျခြင်းတွေဟာ ခင်ဗျားရဲ့အရိပ်မှာတောင် ကပ်ငြိနေပါသတဲ့ ။●●●●●●●●●●●●●●●●●●
"မင်းတို့ လူတစ်ယောက်ကိုတောင် အဖြစ်ရှိအောင် မရှာနိုင်ဘူးလား"
အော်သံအဆုံးမှာ အရှေ့ကလူတွေ ခေါင်းငိုက်စိုက်ကျသွားကြတယ် ။ Boss စိတ်ဆိုးရင် သူတို့ မလွယ်ဘူးလေ ။
"တစ်ကမ္ဘာလုံးကို မြေလှန်ပြီးရှာရ ရှာရ ၊ ရအောင်ရှာခဲ့"
တပည့်တွေထွက်သွားပြီးတဲ့နောက် ထိုလူမှာ စားပွဲပေါ်က ဓါတ်ပုံကို တယုတယယူကာ နမ်းရှိုက်တယ် ။ အပြုံးလှလှလေးတွေက သူ အလွမ်းရဆုံးအရာတွေပါပဲ ။
"ရှင်းရှင်း...မင်းကတော့ အဆင်ပြေနေမှာပါ ၊ ဒါပေမဲ့...ကိုယ်တော့...ကိုယ်တော့ အခုထိ အဆင်မပြေသေးဘူး"
●●●●●●●●●●●●●●●●●●
YOU ARE READING
Take A Chance On Me
Fanfiction"ဝေး အကိုကြီး....ခင်ဗျား ကျွန်တော့်အပေါ် မြန်မြန်အခွင့်အရေးမယူရင် ကျွန်တော် တခြားသူကိုပဲ ပေးလိုက်တော့မယ် "