"မဟုတ်သေးဘူး တကယ်ကို မဟုတ်သေးဘူး"
အိမ်ထဲကိုရောက်တာနဲ့ ခပ်မြန်မြန်ပြေးသွားတဲ့ နစ်ကီကို သူ တစ်ချက်လှမ်းကြည့်ပြီး ဆိုဖာပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ် ။
"ကျန့်ကျန့် နစ်ကီ့ကို လွှတ်မထားနဲ့ ကလေးက နေမကောင်းသေးဘူး ၊ စောင့်ကြည့်နေမှရမှာ"
မားမားက နစ်ကီကို ပွေ့ချီလာပြီး သူ့လက်ထဲကို ပြန်ထည့်ပေးတယ် ။
"မားမား အပြင်ခဏသွားမယ် နစ်ကီ့ကို သေချာကြည့်ထားနော်
မား သေချာမှာတယ်နော် ကျန့်ကျန့်""အင်းပါဆို"
မားမားထွက်သွားပြီးတာနဲ့ ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့နစ်ကီက လှစ်ခနဲ ပြေးဆင်းပြီး မီးဖိုချောင်ဘက်ကို ဝင်သွားတယ် ။
သူကတော့ ဆိုဖာလက်ရန်းပေါ်ကို ခြေထောက်နှစ်ဖက်ပစ်တင်လို့ ပက်လက်လှန်ကာ နဖူးပေါ်လက်တင်ရင်း မျက်ဝန်းစိမ်းတွေအကြောင်းကို စဥ်းစားခန်းစဖွင့်ပါတယ် ။အချိန်တွေ ဘယ်လောက်ကုန်သွားသလဲ သူမသိလိုက် ၊
နစ်ကီ ဘာလုပ်နေသလဲ သူမသိလိုက် ။●●●●●●●●●●●●●●●●●
"ကိုကို စိတ်ညစ်ရင် ဘီယာသောက်ရတယ်လို့ ဘယ်သူပြောလဲ ၊ ဟောဒီမှာ အရသာရှိတာတွေသာ ချက်စားပစ်လိုက်"
အိပ်မက်...
အိပ်မက်ဆိုတာ ဘယ်လိုမျိုးပါလဲ
သူ့အတွက်ကတော့ အိပ်မက်ဆိုတာ စိတ်ကိုသတ်တဲ့ သတ်ကွင်းပါပဲ
နေ့စဥ်ရက်ဆက် အိပ်မက်တွေထဲမှာ တတိတိ သတ်ဖြတ်ခံခဲ့ရတယ် ။ညတွေကို သူကြောက်ပါတယ် ၊ အိပ်မက်မက်တဲ့ညတွေကို အကြောက်ဆုံး ဖြစ်ပါတယ် ။
အိပ်မက်ထဲက ခပ်မြန်မြန် နိုးလာနိုင်ဖို့ဟာ သူ အိပ်မပျော်ခင် တောင်းတတ်တဲ့ဆုတောင်း ဖြစ်ပါတယ် ။"တောင်းပန်ပါတယ်"
"မတောင်းပန်နဲ့ !!! ဘာလို့ မကယ်တာလဲ ဘာလို့ မကယ်ပေးခဲ့တာလဲ"
အိပ်မက်တိုင်းဟာ ဒီနေရာမှာ အဆုံးသတ်ပြီး သူကတော့ ကြောက်လန့်တကြား နိုးရပါတယ် ။
အဲ့လိုအချိန်တိုင်း သူ လုပ်လေ့ရှိတာကတော့ ရေခဲသေတ္တာထဲက ဘီယာဘူးအေးအေးတစ်ဘူးကို ဖွင့်ပြီး အလျင်စလိုသောက်လိုက်တာပါပဲ ။ပူလောင်ပါတယ် ၊ မွန်းကြပ်ပါတယ်
ဘီယာတောင် မကယ်နိုင်တဲ့ ဒီအခြေအနေဟာ တလောဆီက ရခဲ့တဲ့ ပန်းခြောက်ကလေးတွေကို မြင်ရင် ပြေလျှော့ပျောက်ကွယ်သွားပါသတဲ့ ။အချစ်ဆိုတာ ဒါမျိုးပါပဲ
ချစ်သူနဲ့သက်ဆိုင်သမျှဟာ အသက်ကယ်ဆေးဖြစ်ပါတယ် ။●●●●●●●●●●●●●●●●●
'ဒေါက် ဒေါက်'
တစ်ခါမှ မကြားရဖူးတဲ့ တံခါးခေါက်သံကြောင့် သူ ဆတ်ခနဲ တောင့်တင်းသွားရတယ် ။
မဟုတ်မှလွဲ... သူ့ကိုများ ရှာတွေ့သွားကြပြီလား ...လေပူတစ်ချက်ခပ်ပြင်းပြင်းမှုတ်ထုတ်လို့ အားယူကာ သူ ကြည့်မိတော့ ဟိုးတွင်းအနက်ကြီးထဲကို ပြုတ်ကျသွားသလို ရင်တွေ တလှပ်လှပ်နဲ့...
ဘာကြောင့်လဲဆိုတော့ သူ့တံခါးရဲ့တစ်ဖက်ခြမ်းမှာ ဒေစီပန်းလေး ရှိနေခဲ့တယ် ။"ကျွန်တော့်ကို အိမ်က အမွေဖြတ်လိုက်တယ်"
"ဘာ..."
"အခု ကျွန်တော် အိမ်ကဆင်းလာတာ ၊ ဒီမှာ အကိုနဲ့အတူတူ နေပါရစေနော်"
"ဘာ!!"
ဒုတိယ အာမေဍိတ်က ပိုကျယ်သလို ရင်ခုန်နှုန်းကလည်း သာမန်ထက် နှစ်ဆပိုမြင့်လာသလိုပါပဲ ။
လရောင်ထိန်ထိန်လင်းနေတဲ့အချိန်မှာ ဒေစီပန်းကလေးက သူ့အိမ်တံခါးကို လာခေါက်ခဲ့တယ် ။
အိပ်မက်များလေလား....
ဒီအိပ်မက်ဆိုရင်တော့ သူ မနိုးတမ်း အိပ်စက်လိုက်ချင်ပါတယ် ။
YOU ARE READING
Take A Chance On Me
Fanfiction"ဝေး အကိုကြီး....ခင်ဗျား ကျွန်တော့်အပေါ် မြန်မြန်အခွင့်အရေးမယူရင် ကျွန်တော် တခြားသူကိုပဲ ပေးလိုက်တော့မယ် "