6

246 48 2
                                    

ဒီပတ်ဝန်းကျင်မှာပဲ ငါနိုးလာတယ်
တစ်ခုခု​တော့ ထူးခြား​နေသလိုပဲ
​လေထု​ငယ်က ခပ်သင်းသင်းရယ်
ချစ်ခြင်းရဲ့ရနံ့ ဖြစ်ပါလိမ့်မယ် ...

●●●●●●●●●●●●●●●●●●

"အားးး!!"

ငါ ဘာဖြစ်ဖြစ် မမှု​ပေမယ့် မင်းကို​တော့ အထိခိုက်မခံနိုင်တဲ့ အတ္တနဲ့​ကောင်ပါ
​​အော်သံ​သေး​သေး​လေးကအစ ငါ့အတွက်​တော့ ရင်နာစရာ...

"ဘာဖြစ်တာလဲ!"

​အော်လိုက်မိတဲ့အသံက ကျယ်သွားသလားမသိ ၊ မီးဖိုခန်းထဲက​ကောင်​လေးက ဟီးခနဲ ရယ်ပြရင်း တူးသွားပြီဖြစ်တဲ့​ပေါင်မုန့်ကြက်ဥ​ကြော်ကို လက်ညိုးထိုးပြလာတယ် ။

"ခဏ​လေး ဟိုဘက်သွားလိုက်တာ တူးသွားလို့ အကို"

"မင်းကို ဘယ်သူက လုပ်ခိုင်းလို့လဲ!!"

ဟိန်းခနဲထွက်လာတဲ့​အော်သံကျယ်က ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွား​စေတယ် ၊
အပြင်က ငှက်က​လေး​တွေရဲ့​အော်သံကို သူမကြားဘူး ၊
တူး​နေပြီဖြစ်တဲ့​ပေါင်မုန့်ကြက်ဥ​ကြော်ကို သူစိတ်မဝင်စားဘူး ၊
သူသိတာက ​ရှေ့က​ကောင်​လေးရယ်
နီရဲ​နေတဲ့လက်ဖျား​လေး​တွေရယ်...

"ဒီမှာ​နေချင်တယ်ဆိုရင် မလိုတာ​တွေ ​လျှောက်မလုပ်နဲ့ ၊ အဲ့လို မ​နေနိုင်ရင် ထွက်သွား!!"

​အသံမာမာရယ် ၊ ​ခြေသံကျယ်ကျယ်ရယ် ၊ တံခါးပိတ်သံတစ်ခုရယ် အဆုံးမှာ ​လေထုဟာ ​အေးစက်သွားခဲ့တယ်...

ကုတင်ကိုမှီရင်း မျက်ရည်ကျ​နေတဲ့အခန်းပိုင်ရှင်ရယ် ၊ မီးဖိုခန်းထဲက ​ကောင်​လေးရယ်
သူတို့ ခဏ​​လောက်​တော့ စကားမ​ပြောကြဘူး ။

●●●●●●●●●●●●●●●●●●

"လူဂွစာကြီးမှ လူ့ဂွစာကြီး"

​ရှောင်းကျန့်က​ရေရွတ်ရင်း တူးခါ​နေတဲ့​ပေါင်မုန့်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ် ။
ပြီးတဲ့အခါ မ​နက်​စော​စော သွားဝယ်လာတဲ့ပစ္စည်း​တွေထဲက စားပွဲခင်းအသစ်ကိုထုတ်လို့ စားပွဲမှာ ခင်းတယ် ။
ပြတင်း​ပေါက်မှာ လိုက်ကာအဖြူ​လေး​တွေ လိုက်တပ်တယ် ။
​ရေခဲ​သေတ္တာထဲကို ပစ္စည်း​တွေ စီတန်း​နေ​အောင်ထည့်တယ် ။
ပန်းအိုးတစ်လုံးထဲမှာ ဝယ်လာခဲ့တဲ့ ​ဒေစီပန်း​တွေကိုထည့်ပြီး လက်က​နေကိုင်လို့ တင်းတင်း​ပိတ်ထားတဲ့ တံခါး​ကို အသာ​လေး ​ခေါက်လိုက်တယ် ။

"​ဒီတစ်ခါ မြေ​ပေါ်ကပန်း​တွေမဟုတ်​တော့ဘူး အကို ၊ အကို့အတွက် သတိတရဝယ်လာတဲ့ပန်း​တွေနဲ့ ​တောင်းပန်မယ်​လေ ကျွန်​​တော့်ကို ခွင့်လွှတ်မယ်မလား"

​​အေးစက်​နေတဲ့ မီးခိုး​ရောင်​လေထုထဲကို ပူ​နွေးတဲ့​လေထု​တွေ ဖြည်းဖြည်းချင်းအစားထိုး ဝင်​ရောက်လာတယ် ။
အခန်းပိုင်ရှင်က တံခါးလက်ကိုင်​ပေါ် လက်တင်ထားရင်း တွန့်ဆုတ်စွာနဲ့....
​ဒေစီပန်းက​လေး​တွေက အခန်းပိုင်ရှင်ရဲ့ အားနည်းချက်ဖြစ်တယ် ။
သူ သိပ်မကြာခင် တံခါးကို ဖွင့်လာ​တော့မှာ...

Take A Chance On MeWhere stories live. Discover now