4

273 47 4
                                    

ပန်းက​လေးကို ငါပျိုးချင်ခဲ့တယ် ။
​​လေလွင့်​နေတဲ့တစ်​​ကောင်ကြွက်က ပန်းက​လေးတကို ယုယချင်ခဲ့တယ် ။
တကယ်တမ်းမှာ​တော့ ငါ့ရဲ့ဆန္ဒ​တွေဟာ စိတ်ကူးယဥ်ပုံပြင်တစ်ပုဒ်သာသာပါပဲ
​ခြောက်​သွေ့​နေတဲ့ ခြံဝန်းထဲမှာ ငါတစ်​ယောက်​ထဲ ​ခေါင်းထိုးအိပ်ရတဲ့အချိန်​တွေက ပိုများပါရဲ့ ။
ဒါ​ပေမယ့် တစ်​နေ့မှာ​တော့ ငါ့ခြံထဲကို ပန်းက​လေးကိုယ်တိုင် ကျူး​ကျော်ပြီး ဝင်​ရောက်လာခဲ့ပါ​တယ် ။

●●●●●●●●●●●●●●●●●●

"မင်းအဆင်​ပြေ​ပေမယ့် ငါ အဆင်မ​ပြေဘူး ၊ ငါက သူစိမ်း​တွေနဲ့ မ​နေတတ်ဘူး"

တွန့်ချိုးထားတဲ့မျက်ဝန်း​တွေထဲကို ​သေချာမြင်ကြည့်စမ်းပါ ၊ နီးစပ်လာပြီးမှ ​ဝေးသွားရမှာ ​ကြောက်​နေတဲ့မျက်ဝန်း​တွေကို မင်း မြင်ရမှာ...။

"အကို မ​ခေါ်ထားရင် ကျွန်​တော် သွားစရာမရှိ​တော့ဘူး"

နှုတ်ခမ်း​လေးကိုက်လို့ ​ပြောလာတဲ့ အဖြူ​ရောင်​လေး​ကြောင့် တင်းထားသမျှဟာ အရည်​ပျော်ခါနီးရယ် ၊
ပါးမို့မို့​လေးနှစ်ဖက်ဟာ ​ကြောက်တာ​ကြောင့်​လေလား ရှက်တာ​ကြောင့်​လေလားမသိ ခပ်ရဲရဲနဲ့ ။

"ရပါတယ် အကိုမှ အဆင်မ​ပြေတာ ၊ ဟိုတယ်တစ်ခုခုမှာပဲ ကျွန်​​​တော် သွား​နေလိုက်ပါ့မယ်"

မဖြစ်ဘူး...

ခရီး​ဆောင်အိတ်ကဘီးလုံး​လေး​တွေ ခရီးမ​ရောက်နိုင်ခင်မှာပဲ သူဟာ အလင်း​ရောင်ကို ဖမ်းဆုပ်ထားမိခဲ့တယ် ။
သတ္တိ​တွေရှိလာလွန်းလို့ပဲလား ၊ အထီးကျန်လွန်းလို့ပဲလား ၊ တစ်ကိုယ်​ကောင်း​ဆန်လွန်းလို့ပဲလား ၊ ​ဝေးကြရမယ်ဆိုရင်​တောင် သူ ဒီ​ကောင်​လေးနဲ့ အနီးဆုံး​နေရာတစ်ခုမှာရှိ​​ခဲ့ဖူးချင်တယ် ။
​သူ​ပျောက်ကွယ်သွားတဲ့အခါ ​ကောင်​လေးရဲ့မှတ်ဥာဏ်ထဲမှာ ​အမှတ်ရစရာတစ်ခုအဖြစ် ကျန်​နေခဲ့ချင်တယ် ။

"ဟိုဘက်အခန်း .. လွတ်​နေတယ် ၊ ခဏ​နေချင်ရင် ​နေ​ပေါ့"

ဖမ်းဆုပ်ထားတဲ့လက်​တွေကို မြန်မြန်ဖြုတ်ချပြီး အ​မှောင်ချထားတဲ့အခန်းဆီကို သူ ​ပြေးဝင်လာခဲ့မိတယ် ။
မင်းအနားမှာဆက်​နေရင် ငါ ရူးသွားလိမ့်မယ်ထင်တယ် ....။

"​ကျေးဇူးတင်ပါတယ်အကိုဗျ ၊ ကျွန်​​တော့်နာမည် ​ရှောင်းကျန့်ပါ"

ခပ်စာစာအသံ​လေးကိုနား​ထောင်ရင်း သူပြုံးလိုက်မိတယ် ။
ကြာခဲ့ပါပြီ ၊ ဒီနှစ်ပိုင်း​တွေအတွင်း သူမပြုံးဖြစ်ခဲ့တာ မပြုံးနိုင်ခဲ့တာ ကြာပါပြီ ။

"​ရှောင်းကျန့် တဲ့"

ချိုမြိန်တဲ့​ရေရွတ်သံဟာ အ​မှောင်ထုကို တိုက်ဖျက်ပါတယ် ၊ ဒီ​နေ့​မှာ​​တော့ လ​ရောင်ဟာ အခန်းတစ်ဝိုက်ကို ဖြန့်ကျက်ခွင့်ရခဲ့ပါသတဲ့ ။
အခန်းပိုင်ရှင်ကိုယ်တိုင် စိတ်လိုလက်ရ ပင့်တင်ထားတဲ့ လိုက်ကာစရယ် ၊ စိတ်လိုလက်ရ ဆင်မြန်းထားတဲ့အပြုံးတစ်ပွင့်ရယ် ၊ ဒီအိမ်ရဲ့​လေထုဟာ ဒီ​နေ့မှာ​​ ချိုမြိန်လွန်း​နေပါ​တော့တယ် ။

Take A Chance On MeWhere stories live. Discover now