5

258 44 0
                                    

မွေးကတည်းက သခင်​လေးတစ်ပါးလို ​စောင့်​ရှောက်ခံရပြီး ကြီးပြင်းလာရတဲ့အထဲမှာ သူ ပါခဲ့တယ် ။

"ကြည့်ပါဦး ကျန့်ကျန့်က ချစ်စရာ​ကောင်း​လိုက်တာ ၊ မား အချစ်ဆုံး​လေး"

တစ်ဦးတည်း​သောသားမို့ သည်းသည်းလှုပ်တဲ့ အ​မေ ၊

"ပါး သားကြီးကွ ၊ သား ကြိုက်တာလုပ်စမ်း ၊ ပါးတစ်​ယောက်လုံး သားဘက်မှာရှိတယ်"

ဘာပဲလုပ်လုပ် သားဖြစ်သူလုပ်သမျှ ​ထောက်ခံတဲ့အ​ဖေ ၊

"ကျန့်​ကျန့်​​လေးက လူ​ချော​လေး ၊ စာကလည်း ​တော်လိုက်တာ "

အ​ဖေ့ရဲ့ပိုင်ဆိုင်မှု​တွေ​ကြောင့် အမြဲ ​အလိုလိုက်အကြိုက်​ဆောင်​ပေးကြတဲ့ ​ဆွေမျိုး​တွေ ...
သူ့ဘဝက ငယ်ငယ်ကတည်းက အဲ့ဒီလိုမျိုး ပြည့်စုံခဲ့တယ် ။
ဆူမယ့်သူမရှိ ၊ ​​အော်မယ့်သူမရှိ ၊ လိုချင်တာကို မရခဲ့ဘူးဆိုတာမရှိ ။

"စက်ဘီးကို ဘယ်လိုစီး​နေတာလဲ
ဘရိတ်မမိတာမသိဘူးလား"

ပထမဆုံးပဲ ၊ သူ့ကို ​အော်လိုက်တဲ့ အဲဒီပုဂ္ဂိုလ်...
စိတ်ဆိုးလို့မဟုတ်ဘဲ စိတ်ပူပြီး​အော်လိုက်တဲ့ အဲ့ဒီအသံ...
နား​ထောင်​ကောင်းလွန်းလို့ သူ့နားထဲမှာ စွဲထင်ကျန်ခဲ့ပါ​သော အဲ့ဒီအသံ...

"ဒီလိုဆို ကျွန်​တော်မလိမ္မာချင်​တော့ဘူး"

တစ်ဖက်ခြံက မီးခိုး​ရောင်အရိပ်ရယ်...
ခင်ဗျားအ​ပေါ် ကျွန်​တော် အမြဲဆိုးချင်တယ် ။

●●●●●●●●●●●●●●●●●

"ဒီမှာ ​မြေ​ပေါ်ကျသွားတဲ့ပန်း​တွေဆို​ပေမယ့် တန်ဖိုးရှိတဲ့ပန်း​​တွေပါ ၊ ဒီပန်း​တွေနဲ့ အကို့ကို​တောင်းပန်ရင်​ရော ကျွန်​တော့်ကို ခွင့်လွှတ်မလား...."

ပန်း​တွေကိုဆွဲယူရင်း ​ခြေလှမ်းကျယ်​တွေနဲ့ ထွက်ခွာသွားတဲ့သူ့မျက်နှာမှာ အရိပ်တစ်ခုကို ငါမြင်လိုက်တယ် ။
အချစ်ရဲ့အရိပ်တဲ့
ငါ့ဘက်က​တော့ ဒီလိုမျိုး နာမည်​ပေးခဲ့တယ် ။

"မင်းလည်း လွတ်သွားပြီလား ၊ ကိုယ့်ကို ​အော်သွားတဲ့​ကောင်ကိုများ"

"စိတ်တိုလို့​အော်တာမဟုတ်ပါဘူးဆို​နေ"

"မင်းကို​ပြောလား စိတ်တိုလို့​​အော်တာမဟုတ်ပါဘူးလို့"

ဘုကလန့်​တွေ​ပြော​နေတဲ့ ဝမ်းကွဲအကိုကို ​ခေါင်းအုံးနဲ့ ရိုက်ထုတ်ပြီး ဟိုဘက်ခြံကို သူ ​​​​မျှော်ကြည့်လိုက်တယ် ။
ဒီ​နေ့လည်း အိမ်ထဲမှာ​ပဲနေ​နေပြန်ပြီထင်တယ်...။

Take A Chance On MeWhere stories live. Discover now