Ep 1

3.7K 255 19
                                    

​သူ့ခြေလှမ်း​တွေမြန်လာရင်​နောက်က​ခြေသံ​တွေလည်းမြန်လာတယ်..သူ့​ခြေလှမ်း​တွေ​နှေးသွားတာနဲ့​နောက်က​ခြေသံ​တွေလည်းတိုးတိမ်သွားတယ်..

​သေချာတာက​တော့သူ့​နောက်ကိုလူတစ်​ယောက်လိုက်လာ​နေတယ်..အကွယ်​နေရာတစ်ခုမှာသူရပ်​နေလိုက်တယ်.လူတစ်​ယောက်ကဟိုကြည့်လုပ်ကာသူ့ကို​ပျောက်သွားလို့ရှာ​နေဟန်..

ထိုလူရဲ့လက်က​နေဆွဲ​ဆောင့်လိုက်ပီး.နံရံနဲ့ကိုယ်ကိုဖိကပ်ကာ.လက်​ကောက်ဝတ်ကိုနာနာဖိကိုင်ထားလိုက်သည်

" မင်းဘယ်သူလဲ "

" အ့.အ့.နာတယ် "

" ငါ​မေးနေတာ​ဖြေ​လေမင်းကဘယ်သူလဲလို့.. "

" အင့်...အရင်လွှတ်​ပေးပါ "

အဲ့​ကောင်​​လေးလက်ကိုလွှတ်​ပေးလိုက်သည်..
​အောက်​လျောကျ​နေတဲ့မျက်မှန်ဝိုင်းဝိုင်း​လေးကိုပင့်တင်ကာမအူမလည်ကြည့်သည်.​အောက်နှုတ်ခမ်းကိုဖိကိုက်ကာလက်ထိပ်​လေး​တွေကိုလည်းထိကပ်​နေသည်

" လုပ်​နေတဲ့ပုံကိုက..​ကြောင်​တောင်​တောင်နဲ့ "

" ဟင်..​ဆော့ဂျင်သူငယ်ချင်း​တွေကလည်း​ဆော့​ဂျင်ကိုအဲ့လို​ပြောတယ် "

" ကျစ်..မင်းကဘာလို့ငါ့​နောက်လိုက်​နေတာလဲ​ပြော.. "

" ​ဆော့ဂျင်ကဟိုးအိမ်​​​လေးထဲမှာစာကျက်​နေတာပါ.
အကို​ဂျောင်ကုကို​တွေ့လို့​ဆော့ဂျင်ကလိုက်လာတာ "

" မင်းနဲ့ငါနဲ့သိလို့လား...? "

" ​ဆော့ဂျင်ကအကို​ဂျောင်ကုကိုသိပါတယ်.
အကို​ဂျောင်ကုက​ကျောင်းမှာနာမည်ကြီးတယ်​လေ.ဟိ.​ဆော့ဂျင်နဲ့အကို​ဂျောင်ကုက​ကျောင်းတူတယ်​လေ.. "

" မင်းငါ့​နောက်ဆက်လိုက်မလာနဲ့..အာရုံပဲ "

" ​ဆော့ဂျင်ကအကို​ဂျောင်ကုနားရှိချင်လို့ကို "

​ဆော့ဂျင်သူ့တစ်ကိုယ်ထဲကြားရုံမျှ​လေသံတိုးတိုး​လေးဖြင့်​ရေရွတ်လိုက်သည်

" ဘာ​ပြောလိုက်တာ.. "

" ဘာမှဟုတ်ပါဘူး..​​ဆော့ဂျင်အိမ်ပြန်​တော့မှာပါ.
မနက်​ကျောင်းမှာ​တွေ့ပါ့မယ်အကို​ဂျောင်ကု "

You Maniac:(Completed✔)Where stories live. Discover now