ကလပ်ကနေအိမ်ပြန်လာပီးတိုက်ခန်းရှေ့ရောက်ရုံရှိသေးလက်ထဲဖုန်းကတစ်ဒီဒီမြည်လာသည်။ဖုန်းနံပါတ်အစိမ်း.
" hello "
" ဆော့ဂျင်..ကိုယ့်.ကိုယ့်ဆီလာခဲ့ပါကွာ "
ဖုန်းနံပါတ်အသစ်လဲလိုက်တာပဲ။
" ကိုယ်အခုဒုက္ခရောက်နေတယ်လာပေးပါကွာ "
ရှိုက်သံတွေထွက်လာတာမလို့ယိုင်နဲ့ချင်သည့်စိတ်ကတည်နေရာမေးပီးလိုက်သွားခဲ့သည်။သစ်ပင်ကိုဝင်စောင့်ထားတဲ့ကားအညိုရောင်လေးကဟိုတစ်လောကမှဝယ်ထားတဲ့ဂျွန်ဂျောင်ကုရဲ့ကားအသစ်။ကားထဲကိုဝင်လိုက်တော့သူ့ကိုအတင်းဖက်ပီးရှိုက်ရှိုက်ငိုလာသည်။တကယ်ပဲဘာဖြစ်နေတာလဲခဗျားရယ်..
အခုကကျနော့်အသဲကိုခွဲနေသလိုပဲ." ကိုယ်နားမှာနေပေးပါနော် "
" လွန်လွန်ကျူးကျူးတွေဂျွန်ဂျောင်ကုရယ် "
" ကိုယ်တောင်းပန်ပါတယ် "
" ဘာလို့လဲ..မရတော့တဲ့အခါမှပြန်လိုချင်နေတယ်
ဘာလို့လဲဗျာ..ရင်တွေနာနေပီ "ဆော့ဂျင်ငိုပီးဂျောင်ကုရင်ဘက်ကိုတွန်းထုတ်သည်။ဂျောင်ကုမျက်ရည်တွေကိုသုတ်ပေးလိုက်ပီးဆော့ဂျင်ကားထဲကထွက်သွားသည်။
ကားစီယာတိုင်ကိုထုပီးထပ်ထပ်ငိုနေမိသည်။ရင်တွေနာနေတာပဲအဖက်တင်သည်။သူဆော့ဂျင်ကိုလက်မလွှတ်နိုင်ပါ။အူကြောင်ကြောင်ပုံဖြစ်နေလည်းရတယ်။ကိုယ့်နားတစ်ကောက်ကောက်လိုက်လည်းရတယ်။ပစ်တော့မထားပါနဲ့ဆော့ဂျင်ရယ်။
ရူးတော့မလိုပဲစိတ်ရောဂါဆရာဝန်နဲ့ပြဖို့လိုနေပီထင်ပါရဲ့။ဆော့ဂျင်ကုပေးမှဖြစ်မယ်။
.
.
တစ်အိမ်လုံးမှောင်မဲနေတာနဲ့ဂျောင်ကုညစာမစားတော့ပဲအခန်းထဲကိုဝင်လာလိုက်သည်။အခန်းထောင့်ဗီရိုအသေးလေးထဲဓါတ်ပုံလေးတွေ..စတွဲဖြစ်တဲ့အချိန်ကစပြီးဓါတ်ပုံရိုက်ဖြစ်ခဲ့ပေမယ့်. သူ...
ဘလိုပဲဖြစ်ဖြစ်မရှုံးချင်တာကြောင့်ဆော့ဂျင်ကိုပြတ်ခဲ့လိုက်သည်။သူတကယ်သံယောဇဥ်ဖြစ်ခဲ့ခြင်းမရှိပါ။ဒါမဲ့တစ်ခြားသူနဲ့တွဲနေတာတွေ့တော့ရင်တွေပူလောင်လာသည်။အချစ်ဆိုတာကိုသဝန်တိုခြင်းမှာရှာတွေ့သည်။အမှတ်တမဲ့အမဲ့စွာသိမ်းဆည်းထားတဲ့ပုံတွေကရင်ခုန်သံတွေကြောင့်များလားကွာ...