သူ့ခြေလှမ်းတွေမြန်လာရင်နောက်ကခြေသံတွေလည်းမြန်လာတယ်..သူ့ခြေလှမ်းတွေနှေးသွားတာနဲ့နောက်ကခြေသံတွေလည်းတိုးတိမ်သွားတယ်..
သေချာတာကတော့သူ့နောက်ကိုလူတစ်ယောက်လိုက်လာနေတယ်..အကွယ်နေရာတစ်ခုမှာသူရပ်နေလိုက်တယ်.လူတစ်ယောက်ကဟိုကြည့်လုပ်ကာသူ့ကိုပျောက်သွားလို့ရှာနေဟန်..
ထိုလူရဲ့လက်ကနေဆွဲဆောင့်လိုက်ပီး.နံရံနဲ့ကိုယ်ကိုဖိကပ်ကာ.လက်ကောက်ဝတ်ကိုနာနာဖိကိုင်ထားလိုက်သည်
" မင်းဘယ်သူလဲ "
" အ့.အ့.နာတယ် "
" ငါမေးနေတာဖြေလေမင်းကဘယ်သူလဲလို့.. "
" အင့်...အရင်လွှတ်ပေးပါ "
အဲ့ကောင်လေးလက်ကိုလွှတ်ပေးလိုက်သည်..
အောက်လျောကျနေတဲ့မျက်မှန်ဝိုင်းဝိုင်းလေးကိုပင့်တင်ကာမအူမလည်ကြည့်သည်.အောက်နှုတ်ခမ်းကိုဖိကိုက်ကာလက်ထိပ်လေးတွေကိုလည်းထိကပ်နေသည်" လုပ်နေတဲ့ပုံကိုက..ကြောင်တောင်တောင်နဲ့ "
" ဟင်..ဆော့ဂျင်သူငယ်ချင်းတွေကလည်းဆော့ဂျင်ကိုအဲ့လိုပြောတယ် "
" ကျစ်..မင်းကဘာလို့ငါ့နောက်လိုက်နေတာလဲပြော.. "
" ဆော့ဂျင်ကဟိုးအိမ်လေးထဲမှာစာကျက်နေတာပါ.
အကိုဂျောင်ကုကိုတွေ့လို့ဆော့ဂျင်ကလိုက်လာတာ "" မင်းနဲ့ငါနဲ့သိလို့လား...? "
" ဆော့ဂျင်ကအကိုဂျောင်ကုကိုသိပါတယ်.
အကိုဂျောင်ကုကကျောင်းမှာနာမည်ကြီးတယ်လေ.ဟိ.ဆော့ဂျင်နဲ့အကိုဂျောင်ကုကကျောင်းတူတယ်လေ.. "" မင်းငါ့နောက်ဆက်လိုက်မလာနဲ့..အာရုံပဲ "
" ဆော့ဂျင်ကအကိုဂျောင်ကုနားရှိချင်လို့ကို "
ဆော့ဂျင်သူ့တစ်ကိုယ်ထဲကြားရုံမျှလေသံတိုးတိုးလေးဖြင့်ရေရွတ်လိုက်သည်
" ဘာပြောလိုက်တာ.. "
" ဘာမှဟုတ်ပါဘူး..ဆော့ဂျင်အိမ်ပြန်တော့မှာပါ.
မနက်ကျောင်းမှာတွေ့ပါ့မယ်အကိုဂျောင်ကု "