" T.r.ဆော့ဂျင်လိုချင်တဲ့ပန်းချီပစ္စည်းတွေဟိုဘက်နားလေးမှာသွားကြည့်မယ်နော် "" သွားလေT.rကဒီဘက်မှာနေလိုက်အုံးမယ် "
ဆော့ဂျင်စာရေးကရိယာစတိုးတစ်ခုမှာပန်းချီသင်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေလာဝယ်လာဖြစ်သည်။
သူpencilတွေကြည့်နေရင်းဘေးဘက်ကကြားလိုက်ရသည့်အသံတွေ..." ကိုယ်ကလက်ဆောင်ဝယ်ပေးတယ်ဆိုတော့ကိုယ့်ကိုရောလက်ဆောင်ပြန်မပေးသင့်ဘူးလား..? "
" ဂျောင်ကုကဘာလက်ဆောင်လိုချင်လို့လဲ "
" အာဘွား.. "
" ဟာဂျောင်ကုနော်.ခုဆိုင်ထဲမှာကို "
" မရဘူး.ခုနော်ဂျီယွန်း "
" အာ..ဂျောင်ကုကွာ "
ဆော့ဂျင်အသံတွေကြားပီးကိုကိုမဟုတ်ပါစေနဲ့လို့ဆုတောင်းမိသည်။ကိုကို..ကိုကို.ကိုကိုဟုတ်နေတာပဲ.
ကိုကို့ဘေးကသူမကကိုကို့ပါးကိုဖိနမ်းလိုက်သည်။
ကိုကိုသူမနဲ့ချစ်သူတွေလား.ဒါဆိုဆော့ဂျင်နဲ့ကရောကိုကိုရယ်." ကိုယ်လည်းပြန်နမ်းမယ်ဂျီယွန်းရာ "
မကြည့်ဘူးဆိုပီးစိတ်ထဲမှာအော်နေပေမယ့်လည်းကိုကိုမနမ်းလောက်ပါဘူးဆိုတဲ့မျှော်လင့်ချက်နဲ့အကြည့်တွေမလွှဲခဲ့မိဘူး.။နောက်ဆုံးတော့လည်းကိုကိုနှုတ်ခမ်းပါးတွေကသူမနှုတ်ခမ်းပေါ်ဖိကပ်သွားတာပဲ။
စာအုပ်စဥ်ကိုခေါင်းမှီပီးမျက်ဝန်းလှလှမှမျက်ရည်ကြည်တွေခြွေသည်။ရင်ဘက်ကအင်ကျ.စတွေကိုဆော့ဂျင်ကဘာကြောင့်များနာနာကျင်ကျင်စုပ်ကိုင်ထားတာဖြစ်မလဲ.?
ဆော့ဂျင်ရင်တွေအရမ်းနာကျင်နေလို့ဖြစ်လိမ့်မည်။ကိုကိုကခနတာစိတ်ဖောက်ပြားသွားတာပါ.သူ့ကိုထားသွားမှာတော့မဟုတ်ဘူးမလား..မဟုတ်နိုင်ပါဘူး။အဲ့လိုတော့မလုပ်ပါနဲ့ကိုကိုရယ်..
ကိုကိုဒီညတော့ပြန်တောင်မလာခဲ့ဘူးသူမနဲ့များအတူရှိနေလား..
.
.
မနက်ကျောင်းမှာသတင်းတွေကတော့သူနားတောင်ကင်ဆာဖြစ်တော့မလားပဲ..ကိုကိုနဲ့သူ့ချစ်သူလေးအကြောင်းတွေ.သူ့ကိုပိုအ့ဩသွားစေတာကကိုကို့ချစ်သူကမနေ့ကသူတွေ့ခဲ့တဲ့ကောင်မလေးဟုတ်မနေပြန်ဘူး.