ကိုကိုအိမ်ကိုပြန်လာတယ်ဘယ်အချိန်တွေပြန်လာလည်းတောင်ဆော့ဂျင်မသိဘူး.
တစ်ရက်မှာ24နာရီဆိုကိုကိုကအပြင်မှာ23နာရီလောက်ရှိနေလိမ့်မယ်..
ကိုကိုအိမ်ကို1နာရီပြန်လာချိန်မှာတော့သူကအိပ်ပျော်နေခဲ့မှာပေါ့.ကိုကိုကဆက်နေဖို့ခွင့်ပြုတယ်မဟုတ်သော်လည်းမောင်းထုတ်ခြင်းမပြုပါ.အရေးမပါသလိုသာလျစ်လျူရှုထားသည်
ဆော့ဂျင်ဆိုင်မှာခေါက်ဆွဲစားနေရင်းကိုကိုနဲ့မိန်းကလေးတစ်ယောက်ကိုထပ်တွေ့ပြန်သည်.
ဒီတစ်ခါလည်းနောက်ထပ်အသစ်မိန်းမလှလေးတစ်ယောက်ပဲ..ကိုကိုတို့ဆိုင်ထဲကထွက်သွားတာနဲ့ဆော့ဂျင်လည်းနောက်ကလိုက်သွားသည်။ကိုကိုကသူမလက်တွေကိုဆုပ်ကိုင်ထားလိုက်တာဆော့ဂျင်လက်တွေအေးပီးကိုက်ခဲနေပါတယ်ကိုကို..
သူမဆံနွယ်တွေကြားကိုကိုနှာခေါင်းလေးတိုးဝေ့သွားသည်။ဆော့ဂျင်အားငယ်စွာဝမ်းနည်းစိတ်ဝင်သည်။
ကိုကိုသူမနီဆွေးဆွေးနားဖျားကိုနမ်းရှိုက်လိုက်ချိန်မှာတော့ဆော့ဂျင်ခြေလှမ်းရပ်တန့်ပီးကျန်နေခဲ့တာပေါ့
ကိုကိုကျောပြင်ကဆော့ဂျင်အမြင်အာရုံမှာဝေဝါးလာတယ်ဆော့ဂျင်ခေါင်းမော့ကာမျက်ရည်တွေကျရင်းရယ်မောသည်။ဆော့ဂျင်ရယ်သံတွေအက်ကွဲနေခဲ့သည်။နောက်နေ့တွေလည်းဆော့ဂျင်ကအရူးတစ်ယောက်လိုကိုကိုနောက်ကိုလိုက်နေခဲ့တာ.
ပြောင်းလဲသွားတာကကိုကို့ဘေးကမိန်းမလှလေးတွေသူလိုက်ကြည့်နေရင်းမှကိုကိုဘယ်ရောက်သွားသည်မသိ.ဆော့ဂျင်စိတ်ပျက်စွာနောက်လှည့်သည့်အချိန်.ဆော့ဂျင်မျက်နှာအထိုးခံလိုက်ရသည်။
ဆော့ဂျင်မျက်မှန်ဝိုင်းဝိုင်းလေးကလွင့်စင်ကာမှန်ကွဲအက်သွားသည်။ဆော့ဂျင်သူ့ကိုထိုးလိုက်တဲ့သူကိုသေချာစွာမမြင်ရ..ဒါမဲ့..
" hak....ကိုကိုပဲ "
" မင်း..ဆိုက်ကိုကောင်လိုငါ့နောက်လိုက်နေတာဘယ်ချိန်မှရပ်မှာလဲ..ငါမသိလို့ထင်နေတာလား "