ကလပ်ကDJသံတွေကြောင့်ဂျောင်ကုကိုယ်ကမြူးကြွကာလူတွေကြားထဲတိုးဝေ့ရင်းကနေသည်။ကော့တေးတစ်ခွက်ကိုသောက်ရင်းကနေကြတဲ့ကောင်မလေးတွေကသိပ်ကိုမျက်စိပဒါသဖြစ်လှတယ်၊တစ်စုံတစ်ယောက်ရဲ့မျက်လှလှတွေကိုတွေးမိရင်းဂျောင်ကုမျက်ဝန်းများမျက်ဝန်းများရီဝေသွားသည်။လျှက်ရက်တစ်ပြတ်တွေ့လိုက်ရတာကတစ်လှုပ်လှုပ်အနီရောင်ခေါင်းလုံးလုံးလေးကတစ်ခုခုကိုငြင်းဆန်ပီးကိုယ်ကပါခါရမ်းနေတာKim Seok Jin.သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတာကအရင်တစ်ခေါက်ဆိုင်ကယ်ပြိုင်ပွဲကKen
သူတို့နှစ်ယောက်ကဘလိုဖြစ်ပီးတူတူရှိနေတာလဲ.
" ဟင့်အင်းဆော့ဂျင်မကချင်ဘူးKen "
ဆံပင်နီနီတွေလှုပ်ရမ်းသွားတဲ့ထိခေါင်းခါကာငြင်းဆန်နေပုံကသိပ်ချစ်ဖို့ကောင်းနေတာ
" ပျော်ဖို့ကောင်းတာကိုလာပါ "
" လူတွေအရမ်းရှုပ်တယ်Ken.ဆော့ဂျင်ခေါင်းကိုက်တယ် "
" ပြန်ကြမလား.. "
" ဆော့ဂျင်ကိုဘယ်ကိုအတင်းခေါ်နေတာလဲ "
ခပ်ရှရှအသံကြောင့်ဆော့ဂျင်နှုတ်ခမ်းပါးများကော့တက်သွားသည်။တွေ့ချင်စိတ်တွေမရှိတော့မှပဲရေဆက်လာစုံနေတာကိုး..သေမတပ်တွေ့ချင်ခဲ့တဲ့နေ့တွေကအရူးတစ်ယောက်ကိုနောက်ကတစ်ကောက်ကောက်လိုက်ခဲ့ရတာ..
"အိုး.လွန်ခဲ့တဲ့လကတင်မင်းနားရှိနေတဲ့အလှလေးကခုငါနဲ့အတူရှိနေလို့သဘောမကျဖြစ်နေတာလားဂျွန်ဂျောင်ကု"
Kenစကားကိုဂျောင်ကုကဘာမှမတုံ့ပြန်ပဲနဲ့ပါးစောင်းကိုလျှာဖြင့်ထိုးကာမျက်ခုံးများအလိုမကျစွာကျုံ့ကုန်သည်။
" ဆော့ဂျင်နဲ့မင်းကဘယ်လိုရင်းနီးသွားတာလဲ "
" လူတစ်ယောက်ကြောင့်မျက်မှန်ကျိုးသွားပီးအကူအညီလိုနေတော့Kenကကူညီပေးခဲ့တာလေ "
ဆော့ဂျင်ဆီကထွက်လာသည့်စကားကြောင့်ဂျောင်ကုမျက်နှာပျက်သွားသည်။ဆော့ဂျင်ထွက်သွားဖို့ပြင်ချိန်ဂျောင်ကုလက်ကိုလှမ်းဆွဲတော့သူ့စိတ်ရှုပ်သလိုပြန်ကြည့်လာသည်။