Part - 1

12.1K 624 34
                                    

Unicode -----

Bad Guy's Boyfriend { 1 }
.
.
.
.
.
.
.

" အဂျီ့ ကို King ချစ်တယ် "

လူကြည့်တော့ဖြူဖက်ဖြူရော်ပိန်ပိန်ပါးပါးနဲ့
ဆံပင်ကဖွရောင်းရောင်းနဲ့ သူ့နာမည်က King

နာမည်တင် တင်စီးတာမဟုတ်
လူကဆောင့်ကြွားကြွားသူဌေးသား....

သူ့ကိုအဂျီတစ်စက်ကလေးမှကြည့်မရ
အဂျီကြည့်မရတဲ့သူကအဂျီ့ကိုချစ်တယ်တဲ့လေ

အခုနေဟားတိုက်ပြီး ထရယ်လိုက်ရင်
ဘေးနားကလူတွေလန့်ကုန်မည်ထင်သည်

King အကြောင်းကိုသိနေတဲ့ အဂျီ့ရဲ့
သူငယ်ချင်းဖစ်တဲ့ Kim Taehung နဲ့  Hoba ကတော့ King ကိုတစ်ချက်ကြည့်ကာ
စားလက်စတွေကိုသာ ဟန်မပျက်ဆက်စားနေလိုက်သည်

King အဂျီ့ကိုချစ်တယ်လို့ပြောလာတာ
အခုမှမဟုတ် တက္ကသိုလ်ပထမနှစ်ကတည်းက
အခုဆို အဂျီနောက်ဆုံးနှစ်ပင်ရောက်လာချေပြီ

" King မင်းငါ့ကိုချစ်တယ်လို့ပြောလာတာ
ပထမနှစ်ကတည်းက .....အခုဆို
နောက်ဆုံးနှစ်တောင်ရောက်နေပြီ
မင်းမမောသေးဘူးလားဟင် "

Laptop ပေါ်စာရိုက်နေတဲ့လက်တွေကိုခနရပ်ကာ စိတ်ပျက်သလိုမျက်နှာတိမျက်နှာထားလေးနဲ့ သူ့ကိုပြောလာတဲ့ Park Jimin
အများကခေါ်ကျတဲ့ အဂျီလုံးလေးဆိုတဲ့ ကောင်လေးကိုကြည့်ရင်း King တစ်ယောက်ချစ်လို့မ၀နိုင်

အရုပ်ကလေးလိုချစ်ဖို့ကောင်းတဲ့သူလေးက
မျက်ခုံးကောင်းကောင်း မျက်တောင်ကော့ကော့ ရယ်လိုက်ရင်မှေးသွားတဲ့မျက်၀န်းဝိုင်းလေးတွေ အပြင် နှာတံလုံးလုံးလေးနဲ့အမြဲတမ်းပန်းနုရောင်သန်းနေတဲ့  သူလေးရဲ့နှုတ်ခမ်းလေးကလဲ
ပွင့်ဖို့အာနေတဲ့ နှင်းဆီဖူးငုံလေးလို
မွေးရာပါ ရွှေရောင်ဆံပင်လေးနဲ့ မီးခိုးရောင်မျက်၀န်းလေးကအားလုံးထဲမှာ ထူးထူးခြားခြားကွဲထွက်နေတဲ့အလှပိုင်ရှင်တစ်ယောက်
ဖစ်စေသလို သူလေးကိုယ်လုံးမှာ အပစ်ရယ်လို့ထောက်ပြစရာမရှိလောက်အောင် လှပလွန်းတဲ့
နတ်သားလေးတစ်ပါး နတ်သတ်ကြွေပြီး
လူ့ပြည်မှာလူဖစ်နေသလို အဂျီဘာလုပ်လုပ်
ဘာ၀တ်၀တ်ချစ်ဖို့ကောင်းတာတွေကြီးပင်
ဒါက King တစ်ယောက်ထဲရဲ့အမြင်မဟုတ်
တခြားသူတွေကိုမေးလဲ  ဒီအတိုင်းပြောမှာပင်

Bad Guy's Boyfriend ( U+Z ) [ Complete ]Where stories live. Discover now