Unicode -----
Bad Guy's Boyfriend { 5 }
.
.
.
.
.
.
." Mikel ဒေါက်တာဘာပြောသွားလဲ
ဘာတဲ့လဲ...... "" ခြေတောက်က 2 ရက် 3 ရက်လောက်နေရင်သက်သာသွားမှာပါတဲ့ အခုကဆေးလိမ်းပြီး
ပတ်တီးစီးထားပေးခဲ့တယ်
ရေမထိရဘူး ရေးမစိုရဘူး
မနက်ဖြန် အဲ့စီးထားတဲ့ ပတ်တီးကိုလဲပြီး
ဆေးအသစ်လိမ်းရမယ်
ဒီညအနာရှိန်ကြောင့်ကိုက်ခဲပြီး
ကိုယ်အပူတက်မှာစိုးလို့
သောက်ဆေးလည်းပေးထားခဲ့တယ် "" ဘယ်မှာလဲ.... အဲ့ဒီဆေးတွေ "
" ဒီမှာပါ...ဆရာ.... ဒါကဒီညသောက်ဖို့ဆေးနဲ့
2 ရက်စာသောက်ဖို့ဆေးပါပါတယ်
ဒါကလိမ်းဆေး "" အင်း... ထားခဲ့... လောလောဆယ်ရေပတ်တိုက်ဖို့နဲ့ စားဖို့တစ်ခုခုအရင်သွားစီစဉ်ပေး "
" ဟုတ်ကဲ့ပါ....ဆရာ "
Mickel အခန်းထဲကထွက်သွားတော့မှ
အဂျီထိုင်နေတဲ့ ဆက်တီဘေးနားလေးမှာ
Jeon ၀င်ထိုင်လိုက်ကာ....." ဘယ်လိုနေလဲ baby... တော်တော်နာနေသေးလား "
" အဂျီအဆောင်ပြန်ချင်တယ် "
" ဘာဖစ်လို့လဲ baby ... ဒီမှာနေရတာအဆင်မပြေဘူးလား ..."
စောစောကသူများနာနေတာကို ဒီတိုင်းထားခဲ့ပြီး အခုမှအခန်းထဲပြန်၀င်လာပြီး
' တော်တော်နာနေသေးလား '
' ဒီမှာနေရတာအဆင်မပြေဘူးလား 'မေးနေတဲ့
လူကြီးကို အဂျီ တည့်တည့်စိုက်ကြည့်လိုက်ကာ......" ဘယ်လိုလုပ်အဆင်ပြေမှာလဲ
ဒါက အဂျီ့အိမ်လဲမဟုတ်ဘူး...
ပြီးတော့...အဂျီ မသိလို့မေးချင်တယ်
အဂျီ ဘယ်လိုအန္တရယ်တွေကြုံတွေ့နေရတာလဲလူကြီး Jeon Jungkook....
သူတို့က အဂျီ့ကို ဓားနဲ့တောင်
ထောက်ထားတာသိလား
Jin သာအချိန်မှီရောက်မလာရင်
အဂျီ ဘာဖစ်သွားမှာလဲ "ပြောနေရင်းနဲ့ ၀မ်းနည်းလာတာကြောင့်
အဂျီ တစ်ဖက်လှည့်ကာ မျက်ရည်သုတ်လိုက်ပြီးမှ စကားကိုရှေ့ဆက်သည်" သူများနိုင်ငံမှာ
အဂျီ အခုလိုမျိုးကြုံနေရတာ
ဘာကြောင့်လဲ...လူကြီး Jeon Jungkook နဲ့
အဂျီ ပတ်သတ်မိလို့လား....
ခင်ဗျားကြီး ဘာတွေလုပ်နေတာလဲ
ပြောစမ်းပါ ......"
ESTÁS LEYENDO
Bad Guy's Boyfriend ( U+Z ) [ Complete ]