Part - 11

3.5K 329 16
                                        

Unicode -----

Bad Guy's Boyfriend { 11 }
.
.
.
.
.
.
.

Jeon စီးလာတဲ့ကားလေးက အုတ်တံတိုင်းတွေအမြင့်ကြီးကာရံထားတဲ့ ခြံကျယ်ကြီးထဲကို မောင်း၀င်သွားပြီးတဲ့အခါ ခြံတံခါးက ပိတ်မယ့်သူမရှိပဲ သူ့အလိုအလျောက်ပိတ်သွားသည်

ထိုခြံတံခါးက remote control နဲ့ထိန်းချုပ်ထားတဲ့ ခြံတံခါးတစ်ခုသာဖစ်သည်
ကားသော့ပုံစံ remote လေးက jeon ဘယ်နေရာသွားသွားထည့်သွားပြီးသား

ထိုခြံကျယ်ကြီးထဲကိုလဲ jeon ကားကလွဲလို့
ဘယ်ကားမှလဲ၀င်ခွင့်မရှိ
ခြံကျယ်ကြီးအတွက် ရိက္ခာနဲ့လိုအပ်တာတွေကို Jeon ရောက်သွားပြီး ညွှန်ကြားတော့မှသာ
၀ယ်ဖြည့်ထည့်လုပ်ကြတာမျိုး

ဒါတောင် အဲ့ဒီနေ့တစ်နေ့လုံး ခြံထဲကို၀င်လာတဲ့ ရိပ်က္ခာသယ်တဲ့ကားတွေကို အိမ်ကြီးရဲ့တစ်နေရာ CCTV ခန်းထဲမှာတစ်နေ့လုံး
မျက်တောင်မခတ်ထိုင်ကြည့်နေပြီးသား

တကယ်တော့ထိုနေရာဟာ Jeon ဘ၀ရဲ့
ဘယ်သူမှမသိတဲ့ လျှို့ဝှက်တဲ့နေရာတစ်ခုပါ

ခြံကျယ်ကြီးထဲက နှစ်ထပ်တိုက်ကိုမှ အဆောင်ငါးဆောင် ၀ရန်တာငါးခုထုတ်ထားတဲ့ လှပခေတ်မှီပြီး နေချင်စဖွယ်ကောင်းလွန်းတဲ့အိမ်လေး....

အိမ်ရဲ့အ၀င်၀မှာချိတ်ထားတဲ့ ကနုတ်တွေနဲ့
ဘုတ်ပြားလေးပေါ်ရေးထားတဲ့စကားလုံးတွေက ' Paradise ' ( ပရဒုသိ ) တဲ့လေ...

တကယ်ပဲ ထိုအိမ်ကြီးဟာ jeon အတွက် paradise ဖစ်နေတာလား....

ကားလေးအိမ်ရှေ့ရပ်လိုက်တော့ jeon လဲကားပေါ်ကဆင်းကာ အိမ်ထဲကို၀င်သွားလိုက်တာ တကယ်ကိုအကျွမ်းတ၀င်ပါပဲ....

အဖြူရောင်ရှပ်အကျီကိုမှ အနက်ရောင်ဘောင်းဘီရှည်နှင့် ရိုးရိုးရှင်းရှင်းတွဲ၀တ်ထားတဲ့ Jeon ပုံစံက ဆံပင်တွေကိုလဲ သပ်သပ်ရပ်ရပ် စုသိမ်းချည်ထားသည်

အိမ်ရဲ့အပေါ်ထပ်ကိုတန်းတန်းမတ်မတ်တက်သွားပြီး လှေကားထိပ်ရောက်တော့ ဘယ်ဘက်ကိုချိုးလိုက်ကာ မှန်တွေကြီးကာရံထားတဲ့အခန်းထဲကို jeon တစ်ချက်ကြည့်လိုက်မိသည်

ထို့နောက် ထိုအခန်းရဲ့ဘေးကအခန်းကို၀င်သွားလိုက်တော့ special doctors တွေ special nurse တွေက jeon ကိုပြုံးပြီးနှုတ်ဆက်ကြသည်

Bad Guy's Boyfriend ( U+Z ) [ Complete ]Nơi câu chuyện tồn tại. Hãy khám phá bây giờ