Part - 3

4.5K 464 37
                                    

Unicode -----

Bad Guy's Boyfriend { 3 }
.
.
.
.
.
.
.

" ကိုယ့်ရဲ့ nickname က Black Ghost "

လူကြီးပြောလိုက်တဲ့စကားသံက တိုးတိုးလေးပေမယ့် အဂျီ တကယ်ကို ပီပီသသကျယ်ကျယ်လောင်လောင်ကြီးကို ကြားလိုက်ရပါသည်

မကြားရရိုးလား ခန္ဓာကိုယ်နှစ်ခုက
အရမ်းကပ်လွန်းနေတာကြောင့်
ရင်ချင်းအပ်မိတော့မလို...

အဂျီလဲ စားပွဲပေါ်ထောက်ထားရတဲ့လက်တွေကိုမထောက်နိုင်တော့ပဲ စားပွဲပေါ်လှဲဖို့ စက္ကန့်ပိုင်းအလို... ထိုအချိန်လေးမှာ လူကြီးက လက်တစ်ဖက်ကိုစားပွဲပေါ်ထောက်ထားပြီး
ကျန်လက်တစ်ဖက်က အဂျီ့ရဲ့ခါးအောက်ကို
လျှိုသွင်းကာ စားပွဲပေါ်ကျောကပ်မိတော့မယ့်
ကိုယ်လေးကို လက်တစ်ဖက်ထဲနဲ့
ပွေ့ဖက်မယူလိုက်သည်

ထို့နောက် အဂျီ့ မျက်နှာကို သေသေချာချာစေ့စေ့စပ်စပ်ကြည့်လိုက်ကာ

" မင်းကချစ်ဖို့ကောင်းတယ်
baby face လိုမျက်နှာလေးနဲ့ ကိုယ်အခုချိန်ထိတွေ့လာခဲ့တဲ့ မိန်းကလေးတွေထက်တောင်
မင်းကအပစ်ကင်းပြီး ချစ်ဖို့ကောင်းလွန်းနေတယ် "

" ........... "

" ကိုယ်က မင်းကို ပတ်သတ်ဖို့
ကြိုးစားခဲ့တဲ့သူမို့...အခုဆက်ပြီးပတ်သတ်ဖို့
ကိုယ်အခွင့်အရေးတွေယူတော့မယ်
မင်း ခွင့်ပြုသည်ဖစ်စေ ခွင့်မပြုသည်ဖစ်စေ "

" .......... "

" ဘာဖစ်လို့လဲဆိုတော့ အခုပဲ
မင်းကို ကိုယ်စိတ်၀င်စားသွားပြီ "

{ A/N : အဲ့လိုရလားဟင် 🙂 }

" ဗျာ...လူကြီးဘာပြောချင် "

" ရှူးးးးး baby မင်းကကိုယ့်အတွက်
ကံတရားကပေးတဲ့ ပထမဆုံး
လက်ဆောင်လေးပဲ...ဒါပေမယ့် ကိုယ်က
နည်းနည်းလေးထင်တာထက်ပိုပြီးဆိုးတယ် "

လူကြီးပြောတာတွေကို အဂျီ သေသေချာချာနားမလည်ပေမယ့် ယောကျာ်းပီသပြီး ကြည့်ကောင်းတဲ့မျက်နှာကို အနီးကပ်ကြည့်နေရတာကိုသာ သဘောတွေကျနေမိသလို

လူကြီးစကားအတိုင်းပြောရရင်.....
အခုပဲ လူကြီးကို အဂျီသဘောကျသွားပြီ

Bad Guy's Boyfriend ( U+Z ) [ Complete ]Onde histórias criam vida. Descubra agora