Unicode -----
Bad Guy's Boyfriend { 13 }
.
.
.
.
.
.
." အဂျီ့ကို ဘယ်လိုရှာတွေ့တာလဲ "
သတိရရခြင်းထထိုင်ပြီးမေးလိုက်တဲ့ အဂျီ့ကြောင့် jeon သူလေးနှဖူးကိုလက်နဲ့စမ်းကြည့်ပြီး ပြုံးလိုက်ကာ အဂျီ့ရဲ့လက်ထပ်လက်စွပ်၀တ်ထားတဲ့လက်ကိုဆွဲယူလိုက်ပြီး
" ဒီလက်စွပ်ကြောင့်ပေါ့ baby ရဲ့
ဒီထဲမှာကိုယ် gps ထည့်ထားခဲ့တာ
လိုရမယ်ရလေ...ဒါပေမယ့်
ကိုယ့်စိတ်ကူးကောင်းသွားခဲ့တယ် "" ဟုတ်လား...ဟွန့်....ဟုတ်မှာပေါ့ "
နာကျင်နေဆဲရင်ဘက်ကြောင့် အဂျီပြုံးသလို
တစ်ချက်မဲ့လိုက်ကာ စောင်ကိုခွာချပြီး
မွေ့ယာပေါ်ကဆင်းဖို့လုပ်တော့" Happy birthday baby
ဘေဘီ့မွေးနေ့မှန်း ကိုယ်မသိခဲ့ဘူးကွာ
Sorry ကိုယ်တောင်းပန်ပါတယ်နော် "မွေ့ယာပေါ်ကထဖို့လုပ်တော့ လက်တစ်ဖက်ကိုဆွဲထားပြီး ပြောလာတဲ့ လူကြီးစကားတွေကြောင့် အိပ်ခန်းထဲကနာရီကိုတစ်ချက်ကြည့်လိုက်မိတော့ တစ်နာရီကျော်သွားပြီ
ထို့ကြောင့် လူကြီးဆွဲထားတဲ့ သူ့လက်ကိုအသာဖယ်ချလိုက်ပြီး" ရပါတယ် ....အဂျီ့မွေးနေ့က လွန်ခဲ့တဲ့
သုံးနာရီလောက်ကတည်းကပြီးသွားပြီ
ချောကလက် ကိတ်တွေ ချောကလက်ပူပူလေးတွေသောက်ပြီး အဂျီတစ်ယောက်ထဲ
ဖြတ်သန်းပြီးသွားပြီ...မလိုတော့ဘူး "" ကိုယ်တောင်းပန်ပါတယ် ဘေဘီရယ် "
" မတောင်းပန်ပါနဲ့
လူကြီးတောင်းပန်စရာမလိုပါဘူး
တကယ်ဆိုအဂျီတို့ တစ်ယောက်နဲ့တစ်ယောက်လေ့လာဖို့အတွက် အချိန်ယူခဲ့သင့်တာ
အခုတော့မြင်မြင်ချင်း ချစ်ပြီးလက်ထပ်ခဲ့ကြလို့ အဂျီလဲအခုမပျော်တော့သလို
လူကြီးလဲစိတ်မချမ်းသာရဘူး "ငိုသံရောနာကျည်းသံတွေပါ ပါသွားသလားမသိတဲ့ အဂျီ့ရဲ့စကားသံတွေကြောင့် Jeon အဂျီရှိတဲ့ဘက်ကိုလှည့်လာခဲ့လိုက်ကာ ငိုတော့မယ့် အဂျီ့ရဲ့ခေါင်းလေးကိုဆွဲမော့စေလိုက်ပြီး
"ကိုယ်တောင်းပန်ပါတယ် ဘေဘီရယ်
ကျန်တဲ့ရက်တွေတုန်းက ဘေဘီ့ကို
ကိုယ်ဂရုမစိုက်မိဘူး....
ပစ်ထားသလိုဖစ်သွားတဲ့အတွက်
ကိုယ်တောင်းပန်ပါတယ် ...ပြီးတော့
ဘေဘီ့ မွေးနေ့ကို ကိုယ်မသိပဲ ဘေဘီ့ကို
တစ်ယောက်ထဲဖြတ်သန်းစေမိတဲ့အတွက်လဲ
ကိုယ်ထပ်ပြီးတောင်းပန်ပါတယ်
ဘေဘီ ကျေနပ်တဲ့အထိ ကိုယ့်ကို
တစ်ခုခုလုပ်လိုက်စမ်းပါ
အခုလိုကြီးတော့မနေပါနဲ့ဘေဘီရယ် "
VOCÊ ESTÁ LENDO
Bad Guy's Boyfriend ( U+Z ) [ Complete ]