Part-2(Zawgyi)

4.2K 93 0
                                    

"အဆင်ပြေပါ့မလား ကောင်းကောင်းရယ် မမတို့လှည့်ပြန်လိုက်တာ ကောင်းမယ်ထင်တယ်"

ကောင်းကင်ပြာတို့ မောင်နှမ နှစ်ယောက် ဟိုလူကြီးအားတွေ့ရန် မနက်စောစောကတည်းက မောင်နှမ နှစ်ယောက် အစီအစဉ်ချကာ ထွက်လာခြင်းဖြစ်သည်

"ပြေပါတယ် မမရဲ့ ကောင်းကောင်းကို ယုံလိုက် အခုပြန်ရင် မမ ဖေဖေ့ကို ဘယ်လိုပြောမှာလဲ ဖေဖေက မမ ဟိုလူကြီးကို သွားတွေ့တယ်လို့ပဲ သိထားတာနော်"

ကောင်းကောင်း အပြောကြောင့် တိမ်တိုက် တစ်ချက်တွေဝေသွားရသည် မနက်က အိမ်အောက်ဆင်းလာတော့ သူမ ဖခင်ဖြစ်သူကို ထမင်းစားခန်းမှာ တွေ့လိုက်ရတာကြောင့် သူမလည်း ထမင်းစားခန်းထဲ ဝင်လာလိုက်ကာ ဖခင်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်

သူမ ဝင်ထိုင်လိုက်တော့ မနက်စာ စားနေသော ဖခင်က သူမအား တစ်ချက်ကြည့်ကာ အကြည့်ပြန်လွှဲ သွားတာ​​သည် သူမလည်း သက်ပြင်းချကာ မနက်စာ စားဖို့ပြင်လိုက်ချိန် သူမလက်အား လာထိသော လက်လေးကြောင့် ဘေးကိုကြည့်လိုက်တော့ သူမမောင်လေးက ဖေဖေ့ကို 'ပြောလိုက်လေ 'ဆိုတဲ့ သဘောနဲ့ မျက်ရိပ်ပြလာတာကြောင့် သူမလည်း ဖေဖေ့အား ကြည့်ကာ အရဲစွန့်ရင်း

"ဖေဖေ"

သူမခေါ်လိုက်တော့ သူမအား မော့ကြည့်လာတာကြောင့်

"ဖေဖေ သမီး အိမ်ထောင်ဖက် သွားတွေ့ပါ့မယ်"

"တကယ်လား"

"ဟုတ်ကဲ့ ဖေဖေတွေ့စေချင်တဲ့ လူနဲ့သွားတွေ့ပေးပါ့မယ်"

"မနေ့ကတော့ မတွေ့ဘူးဆိုပြီး အသည်းအသန် ငြင်းနေပြီးတော့ ဒီနေ့မှ ဘာထဖြစ်တာလဲ"

"ရှင်ကလည်း သမီးက တွေ့မယ်လို့ ပြောနေတာပဲလေ ရှင်ဘာလို့ အပိုတွေ လိုက်မေးနေတာလဲ"

တိမ်တိုက်အား စိုက်ကြည့်ကာ မေးလာသော ဖေဖေ့အမေးကို တိမ်တိုက် ဘယ်လိုဖြေရမလဲ စဉ်းစားနေချိန် ဖေဖေ ဘေးထိုင်နေသော မေမေက ပြောလိုက်တာကြောင့် ဖေဖေက ဘာမှထပ် မပြောတော့ပေ

"ဟို.ဟိုလေ တိမ်တိုက် ဖေဖေ့ သဘောအတိုင်း အိမ်ထောင်ဖက် သွားတွေ့ပါ့မယ် ဒါပေမယ့် တိမ်တိုက် တစ်ခုလောက် တောင်းစရာ ရှိလို့"

Your Husband Is Mine😈Where stories live. Discover now