"Boss သခင်လေး ထွက်လာပါပြီ"
"မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့"
ဖြိုးပိုင် ကားပေါ်က ဆင်းသွားနဲ့ သူလည်း ကားနောက်ခန်းမှ ဆင်းကာ မောင်းသူနေရာဝင်ထိုင်လိုက်ရင်း ဘေဘီလေးရဲ့ သင်တန်းရှေ့ကို မောင်းလာခဲ့သည်
ဟောတွေ့ပါပြီ သူ့ဘေဘီလေး သင်တန်းကနေ ကုပ်ကုပ်လေးထွက်လာပြီး ကားမှတ်တိုင်ကိုသွားနေတာ သူလည်း ခပ်လှမ်းလှမ်းမှ ကားကိုမောင်းကာ လိုက်လာခဲ့သည် ဘေဘီလေးက ကားမှတ်တိုင်မှာ ရပ်နေရာကနေ တစ်ဖက်လမ်းကို ကူးဖို့ပြင်နေတာကြောင့် သူလည်း ကားကိုအရှိန်တင်လိုက်ကာ
"တီ..."
"အမယ်လေးဗျ"
"ဗုန်း"
"အား နာလိုက်တာ ကျွတ်ကျွတ်"
"အဆင်ပြေရဲ့လား"
"ကျွန်တော့်ပုံက အဆင်ပြေတဲ့ပုံပေါက်နေလို့လား ဟင်.."
ဒီရေ ကားလမ်းကူးဖို့ ပြင်နေသော ဘေဘီလေးရှေ့ ကားကိုအရှိန်နဲ့ မောင်းလာကာ ဟွန်းတီးလိုက်တော့ သူ့ကားသံကြောင့် လန့်ကာ လမ်းပေါ်ပြုတ်ကျသွားသော ကောင်ငယ်လေးကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်ပြီး ကားပေါ်မှ ဆင်းကာ လဲကျနေသော ကောင်လေးရှေ့ရပ်ကာ သွားမေးလိုက်တော့ သူ့ကိုမော့ကြည့်ကာ ပြန်ရန်တွေ့နေသောဘေဘီလေးကြောင့်
"ဘယ်နားနာသွားတာလဲ ကိုယ့်ကားနဲ့တော့ မတိုက်မိပါဘူး"
ကောင်းကင်ပြာ အိမ်ပြန်ဖို့ ကားမှတ်တိုင်မှာ အိမ်ကလာကြိုမယ့်ကားကို စောင့်နေချိန် တော်တော်နဲ့မရောက်လာတာကြောင့် ဖုန်းဆက်မယ်လုပ်တော့ ဖုန်းဘေကုန်နေတာကြောင့် လမ်းတစ်ဖက်က Abc storeမှာ ဖုန်းကဒ်ဝယ်ဖို့ ကားလမ်းကို ကူးလာခဲ့သည် ဖုန်းဘေဖြည့်ဖို့ပဲ စိတ်လောနေတာကြောင့် ကားလမ်းကို သေချာမကြည့်ဘဲ ကူးလာခဲ့တော့ ရုတ်တရက် ကြားလိုက်ရသော ကားဟွန်းသံနှင့် အတူ မိမိရှေ့တည့်တည့်ရောက်လာသော ကားကြောင့် လူကလန့်ကာ လမ်းမပေါ်ပြုတ်ကျသွားရသည်
ကောင်းကင်ပြာ ခြေထောက်ခေါက်ပြီး နောက်ပြန်ပြုတ်ကျကာ လန့်ပြီးလမ်းမပေါ် လက်ထောက်မိလိုက်တာကြောင့် နာသွားသော လက်ကောက်ဝတ်လေးနှင့် ခေါက်သွားသော ခြေချင်းဝတ်လေးအား အသာဖိကိုင်ကာ ကားပေါ်မှဆင်းကာ သူ့ကိုမေးလာသော လူအားရန်တွေ့ရင်း မော့အကြည့် မြင်လိုက်ရသော မျက်နှာကြောင့် ကောင်းကင်ပြာ မျက်လုံးလေး ဝိုင်းသွားကာ 'ဟင်'ခနဲ ဖြစ်သွားရသည်
ŞİMDİ OKUDUĞUN
Your Husband Is Mine😈
Romantizmဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နှင့် အိမ်ထောင်ဖက်သွားတွေ့ရန် စေခိုင်းခံရတဲ့ အမကိုယ်စား မိန်းကလေးလို ဝတ်ပြီး အိမ်ထောင်ဖက် သွားတွေ့တဲ့ ကောင်လေးနှင့် ထိုကောင်လေးအား မြင်မြင်ချင်းချစ်မိသွားပြီး အပိုင်သိမ်းဖို့ ကြံနေတဲ့ သူဌေးကြီးတို့ရဲ့ ဇာတ်လမ်းလေးပါ အမကိုယ...