"ဒေါက်ဒေါက်"
"ဝင်ခဲ့"
"Boss ဦးဝနရောက်ပါပြီ"
ဒီရေ ရုံးခန်းထဲမှာ ထိုင်ကာ စာရင်းလုပ်နေတုန်း အတွင်းရေးမှုး အခန်းထဲဝင်လာကာ ပြောလာတာကြောင့်
"အထဲဝင်ခိုင်းလိုက်"
"ဟုတ်ကဲ့"
"နေဦး ကော်ဖီနှစ်ခွက်ဖျော်ပြီး အထဲလာပို့"
"ဟုတ်ကဲ့ Boss"
အခန်းထဲမှ ထွက်တော့မယ် အတွင်းရေးမှုးအား ဒီရေပြောလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်
"အန်ကယ် အထဲဝင်လို့ရပါပြီ"
မနေ့ကညနေက ဦးဝန စာဖတ်ခန်းထဲမှာ အလုပ်စာရင်းတွေ ကြည့်နေတုန်း ဦးမဟာရဲ့မြေး ဒီရေလှိုင်းက သူ့ကိုတွေ့ချင်တယ်လို့ ဒီရေလှိုင်းရဲ့ အတွင်းရေးမှုးက ဖုန်းဆက် ချိန်းဆိုလာတာကြောင့် သူအလုပ်မသွားခင် လှိုင်းကုမ္ပဏီကို ရောက်လာကာ CEOရဲ့ ရုံးခန်းရှေ့ထိုင်ခုံပေါ်မှာ ထိုင်နေခြင်းဖြစ်သည်
သူစောင့်နေတုန်း CEO ရုံးခန်းတံခါးပွင့်လာကာ အတွင်းရေးမှုးထွက်လာပြီး ပြောလာတာကြောင့် သူလည်း ထိုင်ခုံမှ ထကာ အတွင်းရေးမှုး စိပေးထားတဲ့ တံခါးကိုဖွင့်ကာ ဝင်လာလိုက်သည်
"ထိုင်ပါ"
ဒီရေ လက်တော့နဲ့စာရင်းတွေ စစ်နေတုန်း တံခါးဖွင့်သံကြောင့် ခေါင်းမော့ကြည့်လိုက်တော့ ဝင်လာသူက ဦးဝနဖြစ်နေတာကြောင့် စားပွဲရှေ့က ဆိုဖာခုံကို ညွှန်ပြကာ ပြောလိုက်ရင်း လက်တော့ကိုပိတ်ကာ သူပါထရပ်လိုက်ရင်းဆိုဖာဆီသို့ လျှောက်လာလိုက်ပြီး ဦးဝနရှေ့ဝင်ထိုင်လိုက်သည်
"ကျွန်တော် အလုပ်ကိစ္စတွေ မပြတ်သေးလို့ အန်ကယ့်ဆီ လာမတွေ့နိုင်ဘဲ အခုလိုချိန်းလိုက်ရတာ အားနာပါတယ်"
"ရပါတယ် မောင်ဒီရေလှိုင်းလို နာမည်ကြီး လူငယ်စီးပွားရေးသမားတွေက အလုပ်တွေများတာ ဖြစ်တတ်ပါတယ် ဒါနဲ့ ဦးလေးကိုချိန်းတာ ဘာကိစ္စများရှိလို့လဲ"
ဒီရေနဲ့ ဦးဝန စကားပြောနေရင်း ရုံးခန်းတံခါးအားဖွင့်ကာ ကော်ဖီဗန်းကိုင်ပြီး ဝင်လာသော အတွင်းရေးမှုးက ဒီရေတို့ ထိုင်နေသော ဆိုဖာခုံရှေ့က စားပွဲဆီ ကော်ဖီခွက်တွေ လာချပေးတာကြောင့်
YOU ARE READING
Your Husband Is Mine😈
Romanceဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နှင့် အိမ်ထောင်ဖက်သွားတွေ့ရန် စေခိုင်းခံရတဲ့ အမကိုယ်စား မိန်းကလေးလို ဝတ်ပြီး အိမ်ထောင်ဖက် သွားတွေ့တဲ့ ကောင်လေးနှင့် ထိုကောင်လေးအား မြင်မြင်ချင်းချစ်မိသွားပြီး အပိုင်သိမ်းဖို့ ကြံနေတဲ့ သူဌေးကြီးတို့ရဲ့ ဇာတ်လမ်းလေးပါ အမကိုယ...