"ကောင်းကောင်း ခြေထောက်ဒဏ်ရာရလာလို့ဆို သက်သာရဲ့လား"
ကောင်းကင်ပြာ အိပ်ယာပေါ်ခြေဆင်းထိုင်ကာ Fbကြည့်နေတုန်း အခန်းထဲဝင်လာကာ အခြေအနေမေးနေသော မမတိမ်တိုက်ကြောင့်
"သက်သာပါတယ်မမရဲ့ ဘာမှဖြစ်တာမှ မဟုတ်တာ ခြေထောက်ခေါက်ရုံလေးပါ"
"မမဖြင့် မေမေဆီက ကြားကြားချင်း စိတ်ပူလိုက်ရတာ ကားနဲ့တိုက်မလိုလည်း ဖြစ်သွားသေးတယ်ဆို"
"ဟုတ်တယ် ကောင်းကောင်း ကားလမ်းကို သေချာမကြည့်ဘဲ ကူးလိုက်မိလို့ပါ ကားနဲ့လည်း မတိုက်မိပါဘူး အဝေးကြီးပါပဲ"
"ဂရုစိုက်လေ ကောင်းကောင်းရယ် ကောင်းကောင်းသာ တစ်ခုခုဖြစ်သွားရင် မမတို့ရင်ကွဲရချည်ရဲ့"
"ဟုတ်ကဲ့ပါ ကောင်းကောင်း နောက်ဆို ဂရုစိုက်ပါ့မယ်"
"အင်း"
"ခြေထောက်ကကော ထောက်နိုင်ရဲ့လား"
"နည်းနည်းတော့ နာသေးတယ်"
"ဆေးခန်းကော ပြပြီးပြီလား ဆရာဝန်ကကော ဘာပြောလဲ"
"ဆရာဝန်က တစ်ပတ်လောက် အသွားအလာ ဆင်ခြင်လိုက်ရင် သက်သာသွားမယ်တဲ့"
"ဟုတ်ပါပြီ တစ်ခုခုလိုရင် မမကိုပြော အောက်ထပ်တွေ ဘာတွေဆင်းမနေနဲ့ မမလာပို့ပေးမယ် ခြေထောက်ကိုသာ ဂရုစိုက်ကြားလား"
"ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ကောင်းကောင်း အဆင်ပြေပါတယ်မမရဲ့"
"ဘယ်လိုစိတ်မပူပဲ နေမလဲကွယ် မမမှာ ဒီမောင်လေး တစ်ယောက်ပဲ ရှိတာကို စိတ်ပူရတာပေါ့"
"ဟီးဟီး"
ကောင်းကင်ပြာ သူရဲ့ချစ်လှစွာသော မမကိုပြုံးပြလိုက်ရင်း နေ့လည်က ဟိုလူ့အကြောင်း ခေါင်းထဲဝင်လာတော့
"မမ"
"ဟင် "
"ကောင်းကောင်း မမကိုပြောစရာရှိတယ်"
"ပြောလေ"
ကောင်းကင်ပြာ အမဖြစ်သူ တိမ်တိုက်ကို ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား ဝေခွဲရခက်နေတာကြောင့်
"ဟို..ဟိုလေ"
တဟိုဟိုနဲ့ စိတ်ရှုပ်ထွေးဟန် ဖြစ်နေသော မောင်ငယ်လေးကြောင့် တိမ်တိုက် စိတ်မရှည်ဖြစ်လာကာ
YOU ARE READING
Your Husband Is Mine😈
Romanceဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နှင့် အိမ်ထောင်ဖက်သွားတွေ့ရန် စေခိုင်းခံရတဲ့ အမကိုယ်စား မိန်းကလေးလို ဝတ်ပြီး အိမ်ထောင်ဖက် သွားတွေ့တဲ့ ကောင်လေးနှင့် ထိုကောင်လေးအား မြင်မြင်ချင်းချစ်မိသွားပြီး အပိုင်သိမ်းဖို့ ကြံနေတဲ့ သူဌေးကြီးတို့ရဲ့ ဇာတ်လမ်းလေးပါ အမကိုယ...