"ဟဲလို"
"ဦးဝနနဲ့ ပြောချင်လို့ပါ"
"ဦးဝန ပြောနေပါတယ်"
"အန်ကယ် ကျွန်တော် ဒီရေလှိုင်းပါ"
"Aww မောင်ဒီရေလှိုင်း ဒီအချိန်ကြီး ဦးလေးဆီ ဖုန်းဆက်တာ ဘာကိစ္စများရှိလို့လဲ"
ညဥ့်နက်မှ ဆက်လာသောဖုန်းကြောင့် အိပ်ရာဝင်ရန် ပြင်နေသောဦးဝန လှဲနေရာမှ ထထိုင်၍ ကုတင် ဘေးမှာချထားသော ဖုန်းအား ကိုင်ကာ ဖြေလိုက်တော့ ခေါ်ဆိုသူက ဒီရေလှိုင်း ဦးဝနလည်း အကျိုးအကြောင်းမေးလိုက်တော့
"နောက်ကျမှဆက်လိုက်ရတာ Sorryပါ အန်ကယ် ကျွန်တော်နဲ့ ကောင်းကင်ပြာ ကိစ္စ အန်ကယ့်သဘောထားကို သိချင်လို့ ဖုန်းဆက်လိုက်တာပါ အန်ကယ့်ဆုံးဖြတ်ပြီးပြီလို့ ထင်ပါတယ်"
ဒီရေလှိုင်း ပြောလိုက်သော စကားကြောင့် ဦးဝန ခေတ္တငြိမ်သက်နေလိုက်သည် ပြီးမှ
"သားလေး ကောင်းကင်ပြာသာ သဘောတူရင် မောင်ရင်ပြောတဲ့ကိစ္စ ဦးလေးလက်ခံပါတယ်"
တဖက်က ပြောလာသော အဖြေကြောင့် ဒီရေ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း လက်တစ်ဖက်မှာ ကိုင်ထားသော ဝိုင်ခွက်ကို လှုပ်လိုက်ကာ တစ်ငုံသောက်လိုက်ပြီး
"အဲ့တာဆို အန်ကယ့်ဘက်က သဘောတူတယ်လို့ ကျွန်တော်သတ်မှတ်လိုက်တော့မယ် လာမယ့်စနေနေ့ကျရင် ကျွန်တော်နဲ့အဖိုး ကောင်းကင်ပြာကို စေ့စပ်ကြောင်းလမ်းဖို့ အန်ကယ့်အိမ်လာခဲ့ပါမယ်"
"ဒါပေမယ့် ဦးလေးသားရဲ့ သဘောထား..."
"အဲ့အတွက်ဆို စိတ်မပူပါနဲ့ ကောင်းကင်ပြာ လက်ခံမှာပါ"
'ကျွန်တော်က အဲ့လိုဖြစ်အောင် လုပ်မှာမို့လို့'
ဒီရေ ကိုယ့်အကြံနဲ့ကိုယ် ပြုံးလိုက်ကာ Laptop screenမှာပေါ်နေသော ဘေဘီလေးရဲ့ပုံလေးအား ကြည့်နေလိုက်သည်
ဦးဝန မိမိစကားကိုဖြတ်ကာ ပြောလိုက်သော ဒီရေလှိုင်းစကားကြောင့် ဘာမှထပ်မပြောတော့ပဲ
"ကောင်းပါပြီ ဦးလေးစောင့်နေပါ့မယ်"
"See you Saturday Uncle"
YOU ARE READING
Your Husband Is Mine😈
Romanceဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နှင့် အိမ်ထောင်ဖက်သွားတွေ့ရန် စေခိုင်းခံရတဲ့ အမကိုယ်စား မိန်းကလေးလို ဝတ်ပြီး အိမ်ထောင်ဖက် သွားတွေ့တဲ့ ကောင်လေးနှင့် ထိုကောင်လေးအား မြင်မြင်ချင်းချစ်မိသွားပြီး အပိုင်သိမ်းဖို့ ကြံနေတဲ့ သူဌေးကြီးတို့ရဲ့ ဇာတ်လမ်းလေးပါ အမကိုယ...