"ကောင်းကောင်းရေ ကောင်းကောင်း"
"ဘာဖြစ်လာတာလဲ မမ အလောတကြီးနဲ့"
ကောင်းကင်ပြာ ရေချိုးခန်းထဲမှာ ရေချိုးနေတုန်း သူ့နာမည်အားအော်ခေါ်ပြီး အခန်းထဲပြေးဝင်လာသော အမဖြစ်သူ တိမ်တိုက်ကြောင့် ရေချိုးနေရာမှ သဘက်တစ်ထည်အား အမြန်ပတ်ပြီး ထွက်ကာ မေးလိုက်တော့
"ပြဿနာတော့ တက်နေပြီ ကောင်းကောင်းရေ"
"ဘာပြဿနာတက်နေလို့လဲ မမရဲ့"
သူအသံကြားတော့ မမကကျောပေးထားရာမှ သူရပ်နေတဲ့ရေချိုးခန်းပေါက်ဝကို အမြန်လျှောက်လာကာ သူ့လက်နှစ်ဖက်အား ဆွဲကိုင်ပြီးပြောလာသော မမတိမ်တိုက်ကြောင့် သူနားမလည်သလို ပြန်မေးလိုက်သည် ထိုအခါမှ မမတိမ်တိုက်က သူ့မျက်နှာလေးအား စိုးရိမ်မှုလွန်နေတဲ့ ပုံစံနဲ့ကြည့်လာကာ
"ဟိုလူ ဒီရေလှိုင်း ဧည့်ခန်းမှာရောက်နေတယ်"
"ဗျာ!!!"
အမဖြစ်သူ စကားကြောင့် ကောင်းကင်ပြာ လန့်သွားကာ အော်လိုက်ရင်း
"သူ..သူက ဘယ်လိုရောက်နေတာလဲ"
"မမလည်း မသိဘူး မမ အောက်ထပ်ဆင်းတော့ သူရယ် သူ့အဖိုးဆိုတဲ့လူရယ် လူကြီးအချို့ရယ် ရောက်နေပြီး ဧည့်ခန်းမှာဖေဖေနဲ့ စကားပြောနေတာကို တွေ့လို့ ကောင်းကောင်းဆီပြေးလာခဲ့တာပဲ"
"သူ ကောင်းကောင်းတို့ လိမ်ထားတာကို သိလို့ ဖေဖေနဲ့လာတိုင်တာများလား မမ"
သူမေးလိုက်တော့ မမတိမ်တိုက်က မျက်နှာငယ်လေးနဲ့ ခေါင်းခါပြကာ
"မသိဘူး ကောင်းကောင်း ဖေဖေသာသိသွားရင် မမတော့သွားပြီ"
ငိုတော့မလို ပြောနေသော အမဖြစ်သူကြောင့် ကောင်းကင်ပြာ သက်ပြင်းချလိုက်ရင်း သူ့လက်ကိုဆွဲထားရင်း တုံနေသော လက်ကလေးများအား သူတဖန် ပြန်ဆုတ်ကိုင်လိုက်ပြီး
"မမ စိတ်မပူနဲ့နော် လာတိုင်တာမဖြစ်နိုင်လောက်ပါဘူး ဒီပြင့်ကိစ္စတစ်ခုကြောင့် လာတာနေမှာပေါ့ သူ့အပြင် လူကြီးတွေလည်းပါသေးတယ်မလား ကောင်းကောင်းတို့ကို လာတိုင်တာဆိုရင် သူတစ်ယောက်တည်းလာမှာပေါ့ အခုက အခြားလူတွေလည်းပါတယ်ဆိုတော့ မမအတွေးလွန်နေတာနေမှာပါ စိတ်အေးအေးထားနော်"
VOCÊ ESTÁ LENDO
Your Husband Is Mine😈
Romanceဖခင်ရဲ့ တစ်ချက်လွှတ်အမိန့်နှင့် အိမ်ထောင်ဖက်သွားတွေ့ရန် စေခိုင်းခံရတဲ့ အမကိုယ်စား မိန်းကလေးလို ဝတ်ပြီး အိမ်ထောင်ဖက် သွားတွေ့တဲ့ ကောင်လေးနှင့် ထိုကောင်လေးအား မြင်မြင်ချင်းချစ်မိသွားပြီး အပိုင်သိမ်းဖို့ ကြံနေတဲ့ သူဌေးကြီးတို့ရဲ့ ဇာတ်လမ်းလေးပါ အမကိုယ...