Uni
"ဒါဟာ လွန်ခဲ့တဲ့ငါးနှစ်တုန်းကမန္တလေး
လမ်းလျှောက်သင်္ကြန်မှာဆရာရိုက်ခဲ့တဲ့ပုံ
ပဲ"ပရော်ဖက်ဆာကဖန်သားပြင်ပေါ်မှာရှိ
နေတဲ့ဓာတ်ပုံကိုညွှန်းဆိုပြလာတယ်
ရေပိုင်းစည်ကြီးတွေထဲမှာရေတွေကအလျှံ
အပယ်ကိုဖိတ်ကျနေပြီး ပရော်ဖက်ဆာရဲ့
ခန္ဓာကိုယ်တစ်ခုလုံးကလည်းရွှဲရွှဲဆိုလို့နေ
တယ်"ဒါကဗီဒီယိုဖိုင်"
သုံးမိနစ်ကျော်ကြာတဲ့ဗီဒီယိုထဲမှာတော့
ပိုပြီးတိတိကျကျသိလာရတယ် စည်ပိုင်း
ထဲကနေရေတွေကိုခွက်နဲ့ယူခပ်ပြီးအချင်း
ချင်းလောင်းချနေကြတာ ရေလောင်းခံရ
တဲ့သူအချိုကလည်းလက်ထဲမှာပါလာတဲ့
ရေဗူးထဲကရေအချို့နဲ့ပြန်ပက်သွားကြ
သေးတယ် သုံးမိနစ်ကျော်လေးပဲကြည့်ရ
ပေမယ့်ကျွန်တော်တို့ပါဆော့ချင်လာကြ
တယ်"မင်းတို့လက်တွေ့သိရရင်ဒီထက်ပိုပြီး
ပျော်ဖို့ကောင်းလိမ့်မယ် ငါလည်းမရောက်
တာကြာပြီဆိုတော့ရင်ခုန်နေတယ်"ကျွန်တော်တို့မြန်မာစာမေဂျာရဲ့နောက်
ဆုံးနှစ်ထိပ်တန်းကျောင်းသားတချို့ကဒီ
နှစ်အေပရယ်မှာကျင်းပမယ့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကိုနိုင်ငံခြားခရီးစဉ်အနေနဲ့
သွားခွင့်ရခဲ့ပါတယ်ဒီအခွင့်အရေးကလွယ်လွယ်ကူကူမရခဲ့
တော့မသွားခင်တစ်လနီးပါးလောက်က
တည်းကအတူလိုက်ပါလာမယ့်ပရော်
ဖက်ဆာဆီမှာသွားပြီးသိချင်သမျှမေးဖြစ်
နေကြတယ်"ပိတောက်ပန်းပွင့်တာနဲ့တိုက်ရင်သိပ်
ကောင်းမှာပဲ"မြန်မာစာအုပ်တချို့မှာပါတဲ့နှစ်သစ်ကူး
ပိတောက်ပန်းအကြောင်းထယ်အီလ်က
ပြောလာတော့ ဂျပန်ကနေကိုရီးယားလာ
ပြီးမြန်မာစာသင်တဲ့ယုတကလည်း သူ
ဖတ်ဖူးတဲ့စကားလုံးနဲ့ပြန်ဖီးလ်ပြတယ်"ပိတောက်တွေကသစ္စာမရှိတော့ဘူးကွ"
"မင်းတို့ကပိတောက်ပန်းကိုအပြင်မှာရော
တွေ့ဖူးကြလို့လား"ကျွန်တော့်အဖျက်စကားကိုမကျေမနပ်နဲ့
ထယ်အီလ်ကတုံ့ပြန်တယ်
![](https://img.wattpad.com/cover/306461883-288-k885838.jpg)
YOU ARE READING
April's Memories
Fanfictionသင်္ကြန်တွင်းမှာအိမ်တွင်းအောင်းရင်း ဖတ်ကြပါ CHANSOO Fanfiction Uni+ZG 11.4.2022-17.4.2022