​နှစ်သစ်၏အစ၌ခွဲခွာရခြင်း

103 31 16
                                    

မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို မြန်မာလူမျိုး
တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတယ်

မနက်ဖြန်ဆိုကျွန်တော်တို့တစ်တွေကိုရီးယားမြေ
ကိုပြန်ရတော့မှာဖြစ်လို့ မြန်မာနှစ်ဆန်းတစ်ရက်
နေ့မနက်ခင်းတစ်ခုလုံးကို အကိုနဲ့သာအလွမ်း
သယ်ရင်းဖြတ်သန်းခဲ့တယ် အကို့ပုခုံးပေါ်လျော့
တ်လျော့ရဲမှီရင်းမျက်ရည်လေးဝဲချင်နေတဲ့
ကျွန်တော့်ကို အကိုကသနားသလိုကြည့်ရင်း

"အကိုက ကိုရီးယားလူမျိုးဆိုတာမေ့နေပြီလား
ဂယောင်ဆူးငယ်ရဲ့ အချိန်တန်ရင်အကိုက အကို့
မွေးရပ်မြေဆီပြန်လာရမှာလေ ဂယောင်ဆူးငယ်
က အကိုရှိတဲ့အရပ်ဆီခဏအလည်လာပြီး အကို့
ကိုမွေးရပ်မြေမှာစောင့်နေရမှာပေါ့ မဟုတ်ဘူး
လား ငယ်"

မြန်မာချစ်သူရည်းစားအသုံးအနှုန်းလေးအား
ကျွန်တော့်ကိုရီးယားနာမည်နဲ့တွဲစပ်ခေါ်တတ်
တဲ့ အကို့အားမခွဲခင်ကပင်လွမ်းနေရပြီ

ဘယ်လိုပင် အကိုပြန်လာပါစေ အနည်းဆုံးတော့
တစ်နှစ်ကျော်အောင်စောင့်ရဦးမယ် ဒီတစ်နှစ်
အတွင်းဖုန်းနဲ့အဆက်အသွယ်လုပ်ဖို့ဆိုတာ
ပူပူနွေးနွေးချစ်သူတွေအတွက်တော့ သေချာ
ပေါက်ခက်ခဲနေတယ်

"ကျွန်တော် မြန်မာပြည်မှာကျောင်းဆက်တက်
ရင်ရော"

"ဟောဗျာ ဒီခရီကနေပြန်သွားရင်ကို ဘွဲ့ရတော့
မှာလေ ဂယောင်​ဆူးငယ်ရဲ့"

ကျွန်တော်ဘဝင်မကျစွာဖြင့် အကို့ရင်ခွင်ထဲသို့
တိုးဝင်မိတယ်

"ဒီမှာ ဘွဲ့လွန်လိုမျိုးလာတက်ရင်ရတယ်လေ"

"အကိုက ကျောင်းပြီးဖို့တစ်နှစ်ပဲလိုတော့တာ
လေ ငယ် ဘွဲလွန်လာတက်တော့ အချိန်တွေက
ကြာသထက်ကြာသွားမှာပေါ့"

"အင်း ဟုတ်သားပဲနော် ဒါပေမယ့်မြန်မာပြည်မှာ
အကြာကြီးနေရတာလည်းကောင်းပါတယ်
ကျွန်တော်တော့သဘောကျတယ် လက်ထပ်ပြီး
ရင်မြန်မာပြည်မှာပဲအခြေချကြရင်ရော"

ချစ်သူသက်တမ်းပိစိလောက်အတွင်း လက်ထပ်
မယ့်ကိစ္စတွေကိုပါကြိုတင်တွေးမိနေတဲ့ကျွန်
တော့်ကိုအကိုက ပြုံးရင်းသာကြည့်နေတော့
တယ်

April's Memories Where stories live. Discover now