သင်္ကြန်အကျနေ့

101 30 40
                                    

မြန်မာပြည်မှာသင်္ကြန်တွင်းဆို ရည်းစားရှိတဲ့သူ
တွေ ဒါမှမဟုတ် ကြိတ်သဘောကျနေတဲ့သူတွေ
ရှိရင်လုပ်လေ့လုပ်ထရှိတာက မဏ္ဍပ်တူတူထိုင်
ကြတာပါ(အကိုချန်းယောလ်ပြောပြထားလို့ဒီ
အကြောင်းတွေကိုသိထားပြီးပါပြီ)

ဒါပေမယ့်သိပ်နားမလည်သေးတဲ့ကျွန်တော့်ကို
အကိုချန်းယောလ်ကသေချာသိသွားအောင်လို့
ဆိုပြီးအကျနေ့မှာမဏ္ဍပ်ပေါ်ကနေအတူတူ
ရေကစားကြဖို့လက်မှတ်နှစ်စောင်ဝယ်လိုက်ပါ
တော့တယ် ဆိုတော့သင်္ကြန်အကျနေ့ရဲ့အစီ
အစဥ်ကတော့အကိုချန်းယောလ်နဲ့အတူရေက
စားမှာပါ

"အားကျတယ်ကွာ မြန်မာပြည်လာပြီးသင်္ကြန်
မှာမဏ္ဍပ်ပေါ်တက် ရေပက်ရတယ်ဆိုတာနည်း
တဲ့ကုသိုလ်ကံလား"

"အားကျရင်ပါးစပ်လေးပိတ်ပြီး ဂျောင်မှာသွား
ငိုလိုက်တော့ဟေ့ကောင်"

ကုတင်ပေါ်တက်ထိုင်ပြီးလုပ်သမျှလိုက်ကြည့်
နေတဲ့ယုတကိုမျက်စောင်းထိုးရင်းဟောက်လိုက်
တယ်

"အေးပေါ့လေ မင်းကမြန်မာပြည်မှာအားကိုးရှိ
နေပြီဆိုတော့ပြောရဲဆိုရဲရှိသွားပြီပေါ့ ဓာတ်ပုံလေးဘာလေးရိုက်ခဲ့ဦးနော် အမှတ်တရပေါ့
ဟဲဟဲ နေပါဦး မြန်မာပြည်မှာဆိုသင်္ကြန်အချစ်
ဇာတ်လမ်းတွေကရိုမန့်တစ်အဖြစ်ဆုံးမလား
မင်းလဲရည်းစားမရခဲ့သမျှမြန်မာပြည်မှာအဖြစ်
ရှိအောင်လုပ်စမ်းပါကွာ"

"ငါနားငြီးနေပြီ နာယုတရေ ပါးစပ်လေးပိတ်ပါ
ဦးဟ"

ရေစိုခံဖုန်းအိတ်ထဲမြန်မာငွေစက္ကူတချို့နဲ့ဖုန်း
ကိုသေချာထည့်လွယ်ရင်းဂျပန်ကောင်ကိုလက်
မောင်းတချက်ထိုးပစ်လိုက်တော့ အိပ်ယာပေါ်
ပက်လက်ကြီးလှဲပြီးအော်ရယ်ပြန်တယ်

ဒီလိုခပ်ကြောင်ကြောင်နေရာကနေထွက်ခွာရဖို့
ကယ်တင်သူကတော့အကိုချန်းယောလ်ပါ
ချိန်းထားတဲ့အချိန်ထက်နာရီဝက်နီးပါးစောလာ
တာမို့အဆောင်ကနေစောစောလေးထွက်ဖြစ်ခဲ့
တယ်

ကျုံးအနောက်ဘက်ကမဏ္ဍပ်မို့ ကားကိုအနောက်ပြင်ကအကိုချန်းယောလ်ရဲ့အသိမိတ်
ဆွေအိမ်မှာထားပြီး နှစ်ယောက်သားလမ်းလျှောက်ရင်းနဲ့အကို့မှာမိတ်ဆွေတွေပေါများ
တဲ့အကြောင်းတွေနဲ့ မန္တလေးသင်္ကြန်ရဲ့
အလေ့အကျင့်တွေကိုပါပြောဖြစ်ကြသေးတယ်

April's Memories Where stories live. Discover now