ဒီဝင်သွားတဲ့သိကြားမင်း

97 27 26
                                    

"ကောင်းမှုလုပ်သူကိုရွှေပုရပိုက်မှာမှတ်တမ်း
တင်ပြီး မကောင်းမှုလုပ်သူကိုခွေးပုရပိုက်မှာ
မှတ်တမ်းတင်တယ်"

"မင်းကိုဘယ်သူပြောလဲ"

"သိကြားမင်းပြောပြတာ"

မြန်မာပြည်တွင်းဖြစ်နေကြာစေ့ကိုအထုပ်ကြီး
ဝယ်ပြီးပေါက်ကရဆွေးနွေးနေကြတဲ့နှစ်ကောင်
ကြားပျင်းတိပျင်းရွဲ့နဲ့လှဲနေလိုက်တယ်
မနက်ခုနှစ်နာရီဝန်းကျင်ဆိုတော့ရေပက်ခံထွက်
ရမယ့်အချိန်လည်းမဟုတ်သေးဘူး

"ဒီနေ့ရောအကိုချန်းယောလ်နဲ့ပဲလည်မှာလား
မလည်ရင်ငါတို့နဲ့လိုက်ခဲ့လေ ကားနဲ့ရေပက်ခံ
ထွက်မှာ"

ကိုရီးယားမေဂျာကခင်မင်သူတွေရဲ့ကျေးဇူး
ကြောင့်အကြတ်နေ့မှာကားနဲ့လည်လို့ရသွားပါ
တယ် ခုနှစ်ယောက်လောက်သာရှိတဲ့အုပ်စုမို့
အကုန်လုံးတစ်စုတဝေးထဲရေပက်ခံထွက်ဖို့ရာ
အဆင်ပြေတယ် ပြီးတော့အပီကဲကြမယ့်အချစ်
ဆုံးသူငယ်ချင်းတွေလည်းပါသေးတယ်
ဆိုတော့ ဒီလမ်းကြောင်းကလိုက်ကိုလိုက်ရမယ့်
လမ်းကြောင်းပဲ

"အကိုနဲ့လည်း လည်မှာ မင်းတို့နဲ့လဲလိုက်မှာ"

"ဘာလဲ မင်းကစွန်းဝူခုန်းလား"

ထယ်အီလ်ဝင်ဖောက်တာကိုယုတကလည်းအူ
တက်အောက်ရယ်ရင်း

"သူငယ်ချင်းတွေနဲ့လည်းကဲချင်တယ် ဘဲနဲ့လဲ
ရိုချင်တယ်ပေါ့ကွ"

"တော်စမ်းပါကွာ အကိုကငါတို့နဲ့လိုက်မှာ"

"ဟောဗျာ စတေကာလိုကပ်ထားတဲ့အတွဲဟ"

နှစ်ယောက်သားဝေဖန်ရေးလုပ်ရင်း အကိုနဲ့
ကျွန်တော်တို့အခြေအနေကိုမေးမြန်းစစ်ဆေး
ကြပြန်တယ်

"အချိန်တိုတိုလေးအတွင်းမှာလည်းအချစ်စစ်
ကိုရှာတွေ့နိုင်တာပဲကွာ ကိုယ့်ရဲ့ကံနဲ့ဆိုင်တာပေါ့
ဒီလူဟာကိုယ့်ရဲ့ဖူးစာဖက်ဖြစ်ကြောင်းကံကြမ္မာ
ကသတ်မှတ်ပြီးသားဆိုရင် ဘယ်လိုအကြောင်း
ကြောင့်ပဲနေနေဒီလူနဲ့တွေ့ရဆုံရမှာပဲ"

"ဟုတ်တယ်"

မွန်းထယ်အီလ်ရဲ့ဖွင့်ဆိုချက်ကိုယုတကလည်း
ဝင်ထောက်ခံပြန်တယ် ကျွန်တော့်အနေနဲ့ပြန်
ချေပစရာမရှိသော်ငြား စိတ်ထဲရှုပ်နေတာတော့
အမှန်ပဲ

April's Memories Where stories live. Discover now