ဘဘသိကြားရေတာ့တာ

98 27 18
                                    

မြန်မာသင်္ကြန်ပွဲတော်ရဲ့နောက်ဆုံးအတက်နေ့
မှာတော့လူငယ်ဘဝရဲ့အမှတ်တရခုကိုရရှိခဲ့ပါ
တယ်

ရေသဘင်ပွဲတော်ရဲ့နောက်ဆုံးရက်ဖြစ်တာ
ကြောင့်အကိုချန်းယောလ်ကကျွန်တော်နဲ့အတူ
လမ်းလျှောက်သင်္ကြန်မှာဆင်နွှဲချင်ပါတယ်ဆို
ပြီး အကြတ်နေ့ညနေကတည်းကခွင့်တောင်းခံ
ခဲ့ပါတယ် ကျွန်တော်ကလည်းကြည်ကြည်ဖြူ
ဖြူလက်ခံခဲ့ပြီး အတက်နေ့မနက်ခင်းပိုင်းကျ
အကိုကအဆောင်ထိလာခေါ်ခဲ့ပါတယ်

"ဒီနေ့တော့ဂယောင်ဆူးနဲ့တူတဲ့ မြန်မာ့ရိုးရာ
ရေသဘင်ပွဲကို အကိုနဲ့အတူဖြတ်သန်းပေးပါ"

တည်ငြိမ်နေတဲ့အကို့ရဲ့စကားသံနဲ့အတူ
ကျွန်တော့်ရဲ့ဘယ်လက်ကိုအကိုကဆုပ်ကိုင်ပြီး
လမ်းလျှောက်သင်္ကြန်မုဒ်ဝကနေစတင်လည်
ပတ်ခဲ့တယ် အကိုဟာကျွန်တော့်လက်ကိုလွှတ်
ပေးဖို့စိတ်ကူးမရှိတဲ့ပုံပါပဲ ကျွန်တော့်တို့ကိုသတိ
ထားမိတဲ့လူတချို့ကတော့မသိမသာနဲ့အကဲခတ်
သွားကြတယ်

"အကိုချန်းယောလ်... ကျွန်တော့်လက်.."

"အကိုဒီတစ်နေ့လုံး မင်းနဲ့လက်တွဲထားပါရစေ
ဂယောင်ဆူး

အကို့ရဲ့မျက်ဝန်းထဲကမျှော်လင့်မှုကိုကျွန်တော်
မြင်တွေ့ခံစားမိပါတယ်

"ဟုတ်..."

ကျွန်တော့်ခွင့်ပြုချက်ကြောင့်အကို ပြုံးတယ်
ပြီးတော့နီးစပ်ရာမိသားစုမဏ္ဍပ်တစ်ခုဆီဆွဲ
ခေါ်သွားပြီး ကျွန်တော့်ကိုရေလောင်းတယ်
ကျွန်တော့်ရင်ခုန်ခြင်း ရှက်ရွံခြင်း ကြည်နူးခြင်း
ဆိုတဲ့ခံစားချက်ပေါင်းဆုံကိုထွေးပိုက်ရင်းခေါင်း
ငုံ့ထားဆဲမှာပဲ အကိုကမြန်မာစကားသံပီပီသသ
နဲ့မထင်မှတ်ထားတဲ့စကားတစ်ခွန်းကိုပြောတယ်

"အကိုလောင်းတဲ့သင်္ကြန်ရေကြောင့် ဂယောင်
​ဆူးအေးချမ်းရသလို အကိုလောင်းမယ့်မေတ္တာ
ရေကြောင့်လည်း ဂယောင်ဆူးအေးချမ်းဖို့မျှော်
လင့်ပါရစေ အကိုမင်းကိုစတွေ့ကတည်းက
သဘောကျခဲ့တာပါ"

နီးစပ်ရာမြန်မာလူမျိုးတစ်ချို့ကလည်းအကို့
စကားကြောင့်ကျွန်​တော့်ကိုဝိုင်းပြီးကြည့်နေ
ကြတယ်

April's Memories Where stories live. Discover now